ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂါဇာမှ ပါလက်စတိုင်းသားများ “မိမိဆန္ဒအလျောက် ထွက်ခွာရေး” တွန်းအားပေးရန် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အထူးဌာနတစ်ခု ဖွဲ့စည်းမည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က ဖေဖော်ဝါရီ ၁၇ ရက်က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ယင်းဌာနကို အစ္စရေးအစိုးရဌာနအသီးသီးနှင့် ကာကွယ်ရေးဌာနများ၏...
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) စစ်ပွဲအလွန်ကာလ၌ ဂါဇာဒေသအား ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) က စီမံအုပ်ချုပ်မည့် အလားအလာအပေါ် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပယ်ချလိုက်သည်။ ဟားမက်စ်အဖွဲ့အနေဖြင့် ဂါဇာဒေသအား ထိန်းချုပ်ခွင့်ကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထံ လွှဲအပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သတင်းမီဒီယာများက...
ကိုင်ရို၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၊ အနောက်တောင်ဘက်တွင် အစ္စရေးနိုင်ငံတို့နှင့် ထိစပ်လျက်ရှိကာ ကုန်းတွင်းပိတ် ဆားကန်ကြီးဖြစ်သည့် ပင်လယ်သေမှာ ကမ္ဘာပေါ်တွင် ဆားဓာတ်အများဆုံး ရေကန်တစ်ကန်လည်းဖြစ်သည်။ အမည်အားဖြင့်ဆိုလျှင် ပင်လယ်သေမှာ ဆားဓာတ်ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ယင်း၏ ပတ်ဝန်းကျင်၌ အပင်နှင့်...
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်အစိုးရက ပေါက်ကွဲအားပြင်းထန်သော MK-84 ဗုံးများ ပေးပို့မှုအား ယာယီပိတ်ပင်ထားခြင်းကို မကြာသေးမီက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် အစ္စရေးအနေဖြင့် အဆိုပါ ဗုံးအမျိုးအစားများ ပေးပို့မှုကို လက်ခံရရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်၌ ပြောကြားခဲ့သည်။ MK-84 ဗုံးမှာ...
ဂျေရုဆလမ်/ဂါဇာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုများက ဂါဇာဒေသတွင် ဖမ်းဆီးထားသော နောက်ထပ် အစ္စရေးဓားစာခံ သုံးဦးအား ဖေဖော်ဝါရီ ၁၅ ရက်၌ ပြန်လွှတ်ပေးခဲ့သလို တစ်ဖက်တွင်လည်း အစ္စရေး အာဏာပိုင်များက ပါလက်စတိုင်း အကျဉ်းသားနှင့် ထိန်းသိမ်းခံရသူ ၃၆၉ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်မည့်အချိန် ရွှေ့ဆိုင်းမည်ဟု အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ကြေညာခဲ့သည့်အပေါ် အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က ဟားမက်စ်၏ ဤလုပ်ရပ်မှာ “အပစ်ရပ်ရေးသဘောတူညီချက်ကို လုံးဝ ချိုးဖောက်ခြင်း ဖြစ်တယ်” ဟု ဖေဖော်ဝါရီ ၁၀ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။...
ဂျေရုဆလမ်/ရာမာလာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးနှင့် ဟားမက်စ်အကြား ပဉ္စမအသုတ် အကျဉ်းသားနှင့် ဓားစာခံလဲလှယ်မှုအား ဖေဖော်ဝါရီ ၈ ရက်က အပြီးသတ်လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးနှင့် ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အဆုံးသတ်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အမေရိကန်ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်ကလူမှုကွန်ရက်မီဒီယာတွင် ဖေဖော်ဝါရီ ၆ ရက်က ပြောကြားခဲ့သည်။ ထရမ့်သည် ယင်းနေ့က ၎င်းတည်ထောင်ထားသော “Truth Social” လူမှုကွန်ရက်မီဒီယာ...
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပါဝင်တော့မည် မဟုတ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ဖေဖော်ဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ အမေရိကန် နုတ်ထွက်သည့် အမေရိကန်...
ဂျေရုဆလမ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ရန် သတ်မှတ်ထားသည်။ ဖေဖော်ဝါရီ ၂ ရက်က အမေရိကန်သို့ အလည်အပတ်သွားရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန် သမ္မတ ထရမ့်နှင့် ဖေဖော်ဝါရီ...