ဂျေရုဆလမ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် အစ္စရေးပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ထပ်မံယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန် ကြေညာလိုက်သည်။
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်း ၇ နာရီမရောက်ခင် အစ္စရေးနိုင်ငံ Tel Aviv မြို့လယ်ရှိ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦရှေ့ရင်ပြင်တွင် လူအုပ်ကြီးက အစ္စရေးဘက်မှ ထိန်းသိမ်းခံထားရသူများ လွတ်မြောက်လာသည့် အခိုက်အတန့်ကို အတူတကွ စောင့်ဆိုင်းလျက်ရှိသည်။ အချို့သည်...
ဂျေရုဆလမ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီဟု အစ္စရေးတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင် Kan TV က ဖော်ပြခဲ့သည်။ “အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် အလားအလာရှိတဲ့ ကြေညာချက်တစ်ရပ်ကို လာမယ့်နာရီအနည်းငယ်အတွင်းမှာ...
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဂါဇာပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရက နှစ်နှစ်အတွင်း အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံ အသုံးပြုခဲ့ကြောင်း အောက်တိုဘာ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် လေ့လာတွေ့ရှိချက်များအရ သိရသည်။...
ကိုင်ရို/ဂါဇာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အစ္စရေးတို့သည် အီဂျစ်နိုင်ငံ Sharm El-Sheikh မြို့၌ ကျင်းပသော ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး ဆွေးနွေးပွဲကို အောက်တိုဘာ ၇ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့သည်။ ဟားမက်စ်ဘက်က တောင်းဆိုချက်ကြီးနှစ်ခု အဆိုပြုခဲ့ရာ ပထမအနေဖြင့်...
ဂျေရုဆလမ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်ကားထုတ်လုပ်သူ Chery မှထုတ်လုပ်သည့် plug-in hybrid compact crossover SUV အမျိုးအစားဖြစ်သော Jaecoo 7 သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း အစ္စရေးနိုင်ငံ၌ အရောင်းရဆုံးကားဖြစ်ခဲ့ကြောင်း အစ္စရေးကားတင်သွင်းသူအသင်းမှ အောက်တိုဘာ ၃ ရက်၌...
ဂျေရုဆလမ်/ဒိုဟာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) မကြာသေးမီက ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကာတာနိုင်ငံအား စက်တင်ဘာ ၂၉ ရက်၌ ပြန်လည်တောင်းပန်ခဲ့ရာ ထိုကဲ့သို့ မကြုံစဖူး လိုက်လျောမှုမှာ ကာတာအနေဖြင့် ဂါဇာပဋိပက္ခအား အဓိက ကြားဝင်စေ့စပ်သူအဖြစ် ဆက်လက်တည်ရှိစေရန်အတွက် အလွန်အရေးပါသည်ဟု...
ကုလသမဂ္ဂ/ဂျေရုဆလမ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန် အချေအတင်ဆွေးနွေးပွဲ၌ ဂါဇာကမ်းမြောင်ဒေသနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုအတွက် ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကို ဆန့်ကျင်ခြင်းသည် ၎င်းကိုယ်တိုင်နှင့် ၎င်းဦးဆောင်သော အာဏာရညွန့်ပေါင်းအဖွဲ့၏ မူဝါဒ...
ဂျေရုဆလမ်/ဂါဇာ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသနှင့် ဂျော်ဒန်နိုင်ငံကြား တစ်ခုတည်းသော ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ရာ နေရာဖြစ်သည့် အယ်လန်ဘီတံတားအား (ပါလက်စတိုင်းသားများအကြား ကာရာမာတံတားဟု လူသိများ) ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု အစ္စရေးလေဆိပ်အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ အစ္စရေးနှင့် ဂျော်ဒန်တို့က ပူးတွဲဖွင့်လှစ်ထားသည့် အဆိုပါ...
ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေးသင်္ဘောအုပ်စု ရောက်ရှိလာမည်ကို တားဆီးသွားမည်ဟု အစ္စရေး ဆို ဂျေရုဆလမ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်သည့် Global Resilient Fleet (GSF) သင်္ဘောအုပ်စု ရောက်ရှိလာမည်ကို အစ္စရေးအနေဖြင့် တားဆီးသွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၂...