ဂျေရုဆလမ်/တီဟီရန်/နယူးယောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုသော အပစ်အခတ်ရပ်စဲရေးကို လက်ခံကြောင်းနှင့် အီရန်အား တိုက်ခိုက်သည့် ၎င်းတို့၏ စစ်ပွဲပန်းတိုင်များမှာ အောင်မြင်မှုရရှိခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇွန် ၂၄ ရက်၌ ပြောကြားခဲ့သည်။ အီရန်နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်ခြိမ်းခြောက်မှု ဖယ်ရှားရေး...
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အီရန်မှ တရုတ်နိုင်ငံသား ၃,၁၂၅ ဦးကို လုံခြုံဘေးကင်းစွာရွှေ့ပြောင်းခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို အစ္စရေးမှ လုံခြုံစွာ ထွက်ခွာနိုင်ရန် အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကူညီစီစဉ် ဆောင်ရွက်ပေးခဲ့ပြီဖြစ်ပြီး ဗြိတိန်၊ အိန္ဒိယ၊ ပိုလန်နိုင်ငံသားအချို့ကိုလည်း ကူညီကာ လုံခြုံအောင် ရွှေ့ပြောင်းပေးခဲ့ကြောင်း...
ဂျေရုဆလမ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည် အများအပြားဖြင့် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့သဖြင့် အစ္စရေးနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အစ္စရေးထိန်းချုပ်ခံ ဂျေရုဆလမ်မြို့အနှံ့တွင် အချက်ပေးဥဩသံများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ တိုက်ခိုက်ခံရသော နေရာဒေသများရှိ အစ္စရေးနိုင်ငံသားများအား ဗုံးခိုကျင်းထဲတွင်သာ ဆက်လက်နေထိုင်ကြရန် အာဏာပိုင်များက ညွှန်ကြားထားသည်။
နယူးယောက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်က သီတင်းပတ် နှစ်ပတ်သည် အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုအား အီရန် ရှောင်ကြဉ်ရန် ၎င်းပေးထားသည့် “အကြာဆုံး” အချိန်ကာလဖြစ်ကြောင်း ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောဆိုချက်သည် ထရမ့်က အချိန်နှစ်ပတ်မတိုင်မီအတွင်း၌ အီရန်အား လေကြောင်းတိုက်ခိုက်မည်၊...
တာဘာ၊ အီဂျစ်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသား ၁၁၉ ဦးသည် အစ္စရေးနိုင်ငံမှ အီဂျစ်နိုင်ငံ တောင်ပိုင်းဆိုင်းနိုင်းပြည်နယ်ရှိ တာဘာနယ်စပ်ဖြတ်သန်းဂိတ်မှတစ်ဆင့် ဇွန် ၁၉ ရက်က အီဂျစ်သို့ ရွှေ့ပြောင်းခဲ့ကြကြောင်း သိရသည်။ လိုအပ်သောလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးသည့်နောက် အဆိုပါရွှေ့ပြောင်းသူများသည် ဒေသစံတော်ချိန် ၁၅:၃၀ နာရီခန့်တွင် နယ်စပ်ဖြတ်သန်းဂိတ်မှ...
တီဟီရန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) မကြာမီရက်ပိုင်းက အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi အား ပစ်မှတ်ထားသည့် လုပ်ကြံမှုကို အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပျက်ပြားအောင် ဆောင်ရွက်ခဲ့ကြောင်း Abbas Araghchi ၏ အကြံပေး Mohammad Hossein Ranjbaran က ဇွန် ၁၉...
တီဟီရန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနှင့် ပဋိပက္ခဖြစ်ပွားနေချိန်တွင် အီရန်အနေဖြင့် ဆက်လက်၍ မဆုတ်မနစ်ရှိနေမည်ဖြစ်ကာ ဖိအားပေးမှုများ ရှိလင့်ကစား မည်သူ့ကိုမှ အညံ့ခံမည်မဟုတ်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီက ဇွန် ၁၈ ရက်၌ ပြောကြားခဲ့သည်ဟု အီရန်၏ Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။ အစ္စရေး၏ “မိုက်မဲ၍...
ဝါရှင်တန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အမေရိကန်စစ်တပ် အီရန်ကို တိုက်ခိုက်ရန်အစီအစဉ်အား ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ သို့သော် အီရန်အနေဖြင့် နျူကလီးယားစီမံကိန်းများကို စွန့်လွှတ်မည်/မစွန့်လွှတ်မည်ကို စောင့်ကြည့်ရန် လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ဇွန် ၁၇ ရက် ညပိုင်းက ၎င်း၏ အကြီးတန်းလက်ထောက်အား...
တီဟီရန်/ ဂျေရုဆလမ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က စစ်ထောက်လှမ်းရေးနှင့် မော့ဆက်အဖွဲ့၏ အဆောက်အအုံများ အပါအဝင် တဲလ်အဗစ်မြို့ရှိ အစ္စရေးထောက်လှမ်းရေး၏ အဓိကနေရာများကို ဇွန် ၁၇ ရက်က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို အစ္စရေးလေတပ်ကလည်း အီရန်နိုင်ငံ အနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု...
ကနေဒါ ကယ်လ်ဂရီ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ၂ ရက်ကြာကျင်းပခဲ့သည့် G7 အဖွဲ့ ထိပ်သီးအစည်းအဝေးသည် ဇွန် ၁၇ ရက်တွင် ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့နှင့် ၁၀၀ ကီလိုမီတာခန့် အကွာရှိ ကာနာနာစကစ်ရွာ၌ ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေး တက်ရောက်လာသောခေါင်းဆောင်များက အစ္စရေးနှင့် အီရန် ပဋိပက္ခဖြေရှင်းခြင်းဖြင့်...