လီမာ ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်အစိုးရက ဆီးရီးယားကို နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများပြုလုပ်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဆီးရီးယားနှင့်၎င်း၏မဟာမိတ်နိုင်ငံများ၏ လက်တုံ့ပြန်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်ချ် (Mike Pence)က ပီရူးနိုင်ငံ မြို့တော်လီမာတွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် မြန်နှုန်းမြင့်ရထားတစ်စီး ဖြင့် တိုက်မိ၍ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၈ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခုဖြစ်သော တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ယခုအခါတွင် ကုန်သွယ်ရေး တင်းမာမှု မြင့်တက်လျက်ရှိပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုများ ရှိလာကြသည်ကို တွေ့ရသည်။
ချီကာဂို ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအလယ်ပိုင်း အီလီနွိုက်ပြည်နယ် Rockford မြို့တွင် ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ဒေသခံရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားငယ်အား ဖမ်းဝရမ်း...
ဆိုးလ် ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားကျွန်းဆွယ်အဏုမြူကင်းမဲ့ရေးအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်များပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် အမေရိကန်သမ္မတ ထရန့်တို့က မတ်လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်ဟုသိရှိရသည်။ထို့အပြင် တောင်ကိုရီး ယား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးများ ပြုလုပ်ရန်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson)အား ရာထူးမှ ဖယ်ရှားပြီး ယင်းရာထူးအတွက် CIA ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး Mike Pompeo ဖြင့်အစားထိုး ခန့် အပ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားရန် မလိုလားသလို စစ်ပွဲအသစ်လည်း စတင်စေမည် မဟုတ်ကြောင်း၊ သို့သော် နိုင်ငံ၏ အမျိုးသားရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် စိန်ခေါ်မှုမျိုးကိုမူ ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး က မတ်လ ၁၁...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တ်လ ၉ ရက်က တယ်လီဖုန်းမှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ မတ် ၇ ရက် (ဆင်ဟွာ) အမေရိကန်က မြောက်ကိုရီးယားအပေါ် အသစ်ထပ်တိုးပိတ်ဆို့မှုများပြုလုပ်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nauert က ၆ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဆိုပါသည်။၎င်းကြေညာချက်တွင် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဓာတုပစ္စည်းသုံး၍အသတ်ခံရကြောင်း ၊အမေရိကန်က ၎င်းနိုင်ငံ၏ သက်ဆိုင်ရာ...
ပြုံယမ်း ၊ မတ် ၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီပိုင် သတင်းဌာန က မတ်လ ၇ ရက်နေ့၌ ဖော်ပြ ခဲ့သည့် သတင်းဆောင်းပါး တွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား နှင့် နျူကလီးယား လက်နက်...