မော်စကို၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ပင်လယ်နက်တွင် အမေရိကန် စစ်တပ်၏ လှုပ်ရှားမှုတိုင်းကို ရုရှားစစ်တပ်က အနီးကပ်စောင့်ကြည့်နေကြောင်း၊ ရန်လိုရန်စသည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမှ ဖြစ်ခွင့်ပေးမည်မဟုတ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးLarisa Shoygu က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ဒေသတွင်းမဟုတ်သည့် နိုင်ငံကြီးတစ်နိုင်ငံမှ စစ်သင်္ဘောတစ်စီးသည် ပင်လယ်နက်ဆီသို့ ဦးတည်ရွေ့လျားလာကြောင်း၊...
ဟူစတန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့၌ နိုဝင်ဘာ ၅ ရက် ညပိုင်းက ကျင်းပပြုလုပ်သည့် Astroworld ဂီတဖျော်ဖြေပွဲတွင် လူအုပ်ပိမိမှုကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဟူစတန်မြို့တော်ဝန် Sylvester Turner က...
နယူးယောက်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း အိုင်အိုဝါပြည်နယ်တွင် အဖြူရောင်အမြီးရှိသော သမင်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း The New York Times သတင်းစာက လေ့လာမှုအသစ်အား ကိုးကားလျက် နိုဝင်ဘာ ၂ ရက်၌ သတင်းဖော်ပြခဲ့သည်။ ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်...
နယူးယောက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ယခင်နယူးယောက်မြို့ တော် ရဲဗိုလ်ကြီး(ဟောင်း) နှင့် ဘရွတ်ကလင်းမြို့ ဒေသန္တရဥက္ကဌ အဲရစ်အဒမ်စ် (Eric Adams) က ၎င်းသည် နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ထုတ်ဖော်ကြေညာခဲ့သည်။
တီဟီရန်၊ နိုဝင်ဘာ ၄ ရက် နိုဝင်ဘာ ၃ ရက် တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဖော်ပြချက်အရ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်သည် အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေနံကို ခိုးယူရန် အမေရိကန်ရေတပ်၏ကြိုးပမ်းမှုအား အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က နိုဝင်ဘာ ၂ ရက်တွင် အီရန်နျူကလီးယားသဘောတူညီချက် သို့မဟုတ် JCPOA သို့ပြန်သွားရန် အမေရိကန်၏ အဆင်သင့်ဖြစ်မှုကို မေးခွန်းထုတ်လိုက်ပြီး နျူကလီးယား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်၏ ခုတစ်မျိုးတော်ကြာတစ်မျိုး လုပ်ဆောင်ချက်အား ဝေဖန်ခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် အရာရှိများ ရာထူးမှနုတ်ထွက်ကြသဖြင့် ဝန်ထမ်းရှားပါးမှုများ ဆိုးဝါးစွာကြုံတွေ့နေရကြောင်း အေပီ (AP) သတင်းဌာနက မကြာသေးမီက သတင်းဖော်ပြခဲ့သည်။
ဂျီနီဗာ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) လက်ရှိဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးလူနာအရေအတွက်သည် ၅ သန်းကျော်လွန်သွားခဲ့ပြီး နိုဝင်ဘာ ၂ ရက်အထိ ၅,၀၀၄,၈၅၅ ဦးထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ရောမ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် အောက်တိုဘာ ၃၁ ရက်က ရောမမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်ပိုင်းများ၌ အမေရိကန်ဘက်မှ တရုတ်နိုင်ငံအပေါ်ထားရှိသော မှားယွင်းသည့် မူဝါဒကျင့်သုံးမှုများကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေး...
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ဗဟိုအမေရိကား ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်သည် ယခုရက်ပိုင်းတွင် မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှ အမေရိကန်နိုင်ငံသို့ စတင် ခရီးနှင်လျက်ရှိကြောင်း မက္ကဆီကိုမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ အဆိုပါရွှေ့ပြောင်းနေထိုင်သူများအား သတိဖြင့်ဆက်ဆံရမည်ဖြစ်ကြောင်း မက္ကဆီကိုအစိုးရက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်ပါဝင်သည့်အဖွဲ့သည်...