လော့စ်အိန်ဂျလိစ် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အမေရိကန် တိုက်ခိုက်ရေးရေယာဉ်အုပ်စု U.S. Carl Vinson သည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်း ကိုရီးယားကျွန်းဆွယ်အနီးသို့ဦးတည်ခုတ်မောင်းလာနေကြောင်း အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာစစ်ဦးစီးချုပ်က ဧပြီလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ဒမတ်စကက်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Raqqa ပြည်နယ် ရှိ IS စစ်သွေးကြွအုပ်စုက ထိန်းချုပ်ထားရာမြို့ကို ပစ်မှတ်ထား၍ ဧပြီ ၈ရက် တွင် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး ဆီးရီးယားပြည်သူ ၁၅ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
အမေရိကန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်းလီယွမ်သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကမ်းရိုးတန်းမြို့ရှိ အနုပညာကျောင်း တစ်ခုသို့ အမေရိကန်နိုင်ငံ သမ္မတ ကတော် မယ်လာနီယာ ထရမ့်နှင့်အတူ ဧပြီလ ၇ ရက်က သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ယခုအပတ်အစောပိုင်း၌ ဆီးရီးယားအစိုးရ က ဓာတုလက်နက်များဖြင့် တရားမဝင်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ဆီးရီးယားနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ချမှတ်သွားမည့် တားမြစ်ပိတ်ဆို့မှုအသစ်များကို မကြာမီ ကြေညာပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၇ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုလွှတ်တော် ဖြစ်သော အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Gongress) က ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ကွန်ဂရက်နှင့် ဆက်သွယ်မှု၊ နားလည်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NPC နှစ်ပတ်လည်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘီလျံနာ သူဋ္ဌေးကြီး ဒေါ်နယ် ဂျွန် ထရမ့် (Donald John Trump) က အမေရိကန်နိုင်ငံ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ တစ်လ ပြည့်မြောက်ခဲ့ပြီ ဖြစ်သလို လက်ရှိအချိန်အထိ ယခင် မည်သည့် အမေရိကန်...
ဘွန်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် တို့သည် ဖေဖော်ဝါရီ ၁၇ ရက်ကတွေ့ဆုံခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာစေရန် အတူတကွ လက်တွဲလုပ်ဆောင်သွားသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ ဒုတိယ သမ္မတ Tareck El Aissami သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု သံသယ...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn သည် ဖေဖော်ဝါရီလ ၁၃ ရက်က ရုရှားသံတမန်တစ်ဦး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောမှုကိစ္စရပ်များကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ က တရုတ်တစ်နိုင်ငံတည်းမူဝါဒ အပေါ် လေးစားလိုက်နာခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား ကျေးဇူးတင်ရှိပါကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။