ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ပင်လယ်ပြင်အဓိကပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း မူးယစ်ဆေးဝါးများအား စံချိန်တင်ဖမ်းဆီးရမိပြီးနောက် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် ရာဇဝတ်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းလုပ်ဆောင်မှုများ မြှင့်တင်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) ထံမှ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အောက်တိုဘာ ၁၀ ရက်တွင် ၁၀ ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။ ဖက်ဒရယ်အစိုးရဝန်ထမ်း လျှော့ချမှုများ စတင်နေပြီဖြစ်ကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် အသုံးစရိတ်ရုံး (OMB) ညွှန်ကြားရေးမှူး Russell Vought က...
နယူးယောက်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်ရှိ စစ်ဘက်သုံး ပေါက်ကွဲစေသောပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတွင် အောက်တိုဘာ ၁၀ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူများစွာသေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၇:၄၅...
ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန် ဖက်ဒရယ်အစိုးရက အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့သို့ အမျိုးသားအစောင့်တပ် စေလွှတ်တော့မည့်အချိန်တွင် အမေရိကန် သမ္မတ ထရမ့်က အောက်တိုဘာ ၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ဒီမိုကရက်တစ်ပါတီဝင် ချီကာဂို မြို့တော်ဝန် Brandon Johnson နှင့် အီလီနွိုက်ပြည်နယ်...
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဂါဇာပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရက နှစ်နှစ်အတွင်း အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံ အသုံးပြုခဲ့ကြောင်း အောက်တိုဘာ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် လေ့လာတွေ့ရှိချက်များအရ သိရသည်။...
ဝါရှင်တန်/အော့တဝါ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် အောက်တိုဘာ ၇ ရက်တွင် အိမ်ဖြူတော်၌ ခရီးစဉ်လာရောက်သော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် တွေ့ဆုံဆွေးခဲ့ပြီး ၎င်းအနေဖြင့် ကနေဒါအား စီးပွားရေး ယှဉ်ပြိုင်မှုမိတ်ဖက်ဟု ရှုမြင်ရာ နှစ်နိုင်ငံသည် “သဘာဝအလျောက်ပဋိပက္ခ” ရှိသည်ဟု...
ဝါရှင်တန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန် အထက်လွှတ်တော်သည် အောက်တိုဘာ ၃ ရက်တွင် ယာယီအသုံးစရိတ်ခွင့်ပြုမှုအား အတည်ပြုနိုင်ခြင်းမရှိခဲ့ဘဲ ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီတို့၏ အဆိုပြုတင်ပြချက်များသည် ထပ်မံငြင်းပယ်ခံခဲ့ရသည်။ ယင်းသည် အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားမည်ကို ဆိုလိုနေပေသည်။ ထိုနေ့တွင် မဲပေးမှုရလဒ်သည် အခြေခံအားဖြင့် ပါတီဖြန့်ကြက်မှုအရ...
ဝါရှင်တန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရိုက အစီအစဉ်အရ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်မည့် အလုပ်အကိုင်ရေးရာ အချက်အလက် စာရင်းအင်းအစီရင်ခံစာအား ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပေ။ အမေရိကန် အလုပ်သမားရေးရာဌာန လက်အောက်ခံဖြစ်သည့် အလုပ်သမားစာရင်းအင်းဗျူရိုသည် အမေရိကန်အစိုးရ၏...
တိရစ္ဆာန်များ၏ အမူအကျင့်ကိုလေ့လာသည့် သတ္တဗေဒပညာရှင်၊ ပရိုင်းမိတ်ပညာရှင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂျိန်းဂွတ်ဒ်အောလ်မှာ အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂျိန်းဂွတ်ဒ်အောလ် အင်စတီကျုက အောက်တိုဘာ ၁ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ မည်သည့်အမှတ်တရများ ရှိပါသနည်း။ (Xinhua) ………………… (English Version)...
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက် ၀၀ နာရီမှစ၍ အမေရိကန် ဖက်ဒရယ်အစိုးရသည် ခုနစ်နှစ်နီးပါးကြာပြီးနောက် ထပ်မံ “ရပ်ဆိုင်းမှု” ဖြစ်ပွားခဲ့ရာ အချို့သော အများပြည်သူဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ထားခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းရှိသလို စီးပွားရေးအချက်အလက်ကိန်းဂဏန်းများ ထုတ်ပြန်သည့်အပေါ်လည်း သက်ရောက်မှုရှိလာမည်ဖြစ်ပေသည်။ သုံးသပ်သူ...