ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံကို ကျူးကျော်နိုင်သည်ဟူသော အမေရိကန်နိုင်ငံအစိုးရ၏ ပြောကြားချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် ရုရှား သမ္မတ ပူတင် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ အချိန်တစ်နာရီခန့်အကြာ ဆွေးနွေးမှုအပြီး ဖုန်းဆက်သွယ်မှုတွင် အပြောင်းအလဲမရှိနိုင်ကြောင်း မီဒီယာများက သုံးသပ်ခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုလိုငွေပြမှုသည် ၂၀၂၁ ခုနှစ်တွင် စံချိန်တင်မြင့်မားလာခဲ့သဖြင့် အမေရိကန် နိုင်ငံရေးသမားများနှင့် မီဒီယာများက ယင်းအကြောင်းပြချက်အသစ်ကို တရုတ်နိုင်ငံအား ပြစ်တင်စွပ်စွဲကာ မှင်နီတိုးလာစေရန် အလျင်အမြန် အမိအရ ဖမ်းဆုပ်ခဲ့ကြသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် မကြာသေးမီရက်များအတွင်း အာရှ-ပစိဖိတ်ဒေသရှိ နေရာအများအပြားသို့ သွားရောက်လည်ပတ်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက်က ဟာဝိုင်အီတွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုနေ့အစောပိုင်းတွင် ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီသို့ သွားရောက်လည်ပတ်ခဲ့ရာ ယင်းသည် ၃၇...
ကိယက်ဗ် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ယူကရိန်းနိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေများအား ဆွေးနွေးရန် ဖေဖော်ဝါရီ ၁၃ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတ၏ ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အာဖဂန်တာလီဘန်တို့က ယခင်နှစ် သြဂုတ်တွင် မြို့တော် ကဘူးလ်ကို ထိန်းချုပ်ပြီးနောက် အမေရိကန် စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ အလျင်အမြန် ဆုတ်ခွာခဲ့ရာ ယခင်က အမေရိကန်နိုင်ငံအတွက် အလုပ်လုပ်ပေးခဲ့သည့် အာဖဂန်နိုင်ငံသားအချို့မှာ အမေရိကန်နှင့်အတူလိုက်ပါသွားခဲ့ကြပြီး အမေရိကန်က ၎င်းတို့ကို တတိယနိုင်ငံတွင် ယာယီနေရာချထားခဲ့ကြောင်း သိရသည်။...
ဝါရှင်တန် /မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၂ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ဟာဗားနား၊ ဖေဖော်ဝါရီ၁၂ ရက်(ဆင်ဟွာ) ၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘားနိုင်ငံ၌တော်လှန်ရေးအောင်မြင်ခဲ့ပြီးနောက်တွင်အမေရိကန်နိုင်ငံအစိုးရကကျူးဘားအပေါ်ရန်လိုသည့်သဘောထားမူဝါဒကိုချမှတ်ခဲ့ကြောင်း၊၁၉၆၂ခုနှစ်ဖေဖော်ဝါရီ၃ရက်တွင်ထိုစဉ်ကအမေရိကန်သမ္မတKennedyက သမ္မတအမိန့်စာအမှတ် ၃၄၄၇ ကို လက်မှတ်ရေးထိုးခဲ့ပြီးယင်းနှစ် နှစ်ဖေဖော်ဝါရီ ၇ ရက်မှစ၍ ကျူးဘားနိုင်ငံအပေါ်စီးပွားရေး၊ငွေကြေးနှင့်ကုန်သွယ်ရေးပိတ်ဆို့မှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယခုနှစ်၆၀တာကာလကြာမြင့်ပြီးနောက် အမေရိကန်သည် ကျူးဘားအပေါ်ပိတ်ဆို့မှုများဆက်လက်ဆောင်ရွက်နေကြောင်း၊ ကျူးဘားနိုင်ငံအပေါ်အမေရိကန်၏ပိတ်ဆို့အရေးယူမှုမှာ နိုင်ငံတစ်နိုင်ငံမှအခြားနိုင်ငံအပေါ်ပြုလုပ်သည့်ပိတ်ဆို့မှုသမိုင်းတွင် အချိန်အကြာမြင့်ဆုံး၊အရှုပ်ထွေးဆုံးနှင့်လူသားချင်းစာနာထောက်ထားမှုမဆန်သောစီးပွားရေးပိတ်ဆို့မှုတိုက်ပွဲ အသွင်ဆောင်ကြောင်းနှင့် ကျူးဘားပြည်သူများ၏ လူအခွင့်အရေးအပေါ်ကြီးမားသောထိပါးမှုဖြစ်ကြောင်း ကျူးဘားအစိုးရကဖေဖော်ဝါရီလအစောပိုင်းတွင်ထုတ်ပြန်ပြောဆိုခဲ့သည်။ မကြာသေးမီကဆင်ဟွာသတင်းအေဂျင်စီမှသတင်းထောက်တစ်ဦးက ကျူးဘားနိုင်ငံမြို့တော်ဟာဗားနားရှိနိုင်ငံသားအများအပြားကို...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၁ခုနှစ်တွင် ကမ္ဘာ့အာကာသယာဉ်လွှတ်တင်ရေးလုပ်ငန်း အားကောင်းလာကာ လွှတ်တင်မှုအရေအတွက်နှင့် ထုထည် နှစ်မျိုးစလုံးသည်စံချိန်တင်မြင့်မားခဲ့ကြောင်း၊၂၀၂၁ ခုနှစ်အတွင်းကမ္ဘာပေါ်တွင်အာကာသယာဉ်လွှတ်တင်မှု ၁၄၆ကြိမ် ရှိခဲ့ပြီး ၁၉၅၇ ခုနှစ်မှစ၍ လွှတ်တင်မှု အမြင့်ဆုံး အရေအတွက်ဖြစ်ကြောင်းနှင့် အာကာသယာဉ် စုစုပေါင်း ၁,၈၄၆ စင်းလွှတ်တင်ခဲ့ပြီး စုစုပေါင်းလွှတ်တင်မှု ထုထည်ပမာဏ၇၇၇.၇၀ တန်ရှိခဲ့ကြောင်း၊...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြင့် သေဆုံးသူအရေအတွက်သည် ၉ သိန်းကျော်အထိရှိလာခဲ့ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ဝါရှင်တန်အမျိုးသားဘုရားကျောင်း(Washington National Cathedral) ၌ အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဒပ်ဘလင်မြို့ရှိ ဗဟိုအမျိုးသမီးအကျဉ်းထောင်တစ်ခုရှိ အကျဉ်းသူများက ၎င်းတို့သည် ပြုပြင်ထိန်းသိမ်းရေးအရာရှိများနှင့် ထောင်ဝါဒါများ၏ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ” ကျူးလွန်ခံနေရသည်ဟု ပြောကြားခဲ့ကြောင်း Associated Press (AP) က ဖော်ပြခဲ့သည်။ အကျဉ်းသူများအနေဖြင့် “ထုတ်ဖော်ပြောကြားဖို့ ကြိုးစားကြတဲ့အခါ မကြာခဏ...