ဝါရှင်တန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas သည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီး ဖြစ်သော်ငြားလည်း COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။ “ဝန်ကြီး Mayorkas က ခရီးမသွားမီ လုပ်ထုံးလုပ်နည်းအရ ရောဂါစစ်ဆေးမှုပြုလုပ်ပြီးနောက် COVID-19...
ဝါရှင်တန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနေဖြင့် ယခုသီတင်းပတ်တွင် ရုရှားနိုင်ငံက ဦးစီးကျင်းပသည့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများ၌ ပါဝင်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ မော်စကိုဆွေးနွေးပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ Troika-plus က ထိရောက်မှုရှိပြီး အပြုသဘောဆောင်တဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။...
ဝါရှင်တန်၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်းနိုင်ငံခြားရေးဝန်ကြီး အသက် ၈၄ နှစ်အရွယ် ကောလင်းပါဝဲလ် (Colin Powell) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွားသည့် ဆက်စပ်ရောဂါကြောင့် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ၎င်း၏မိသားစုက ယင်းနေ့ လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။...
လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဟောင်းဘီလ်ကလင်တန်သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်မှုမရှိသော ရောဂါတစ်ခုကူးစက်ခံရပြီးနောက် ရက်ပေါင်းများစွာကြာ ဆေးကုသမှုခံယူနေခဲ့ရရာမှ အောက်တိုဘာ ၁၇ ရက်တွင် တောင်ကယ်လီဖိုးနီးယားပြည်နယ် ဆေးရုံမှ ပြန်ဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ “ သမ္မတကလင်တန်ဟာ ဒီနေ့မှာ UC Irvine ဆေးရုံ ကဆင်းသွားပါပြီ ။ သူ့ရဲ့အဖျားနဲ့...
အန်ကာရာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရုရှားနှင့် အမေရိကန်တို့သည် ကာ့ဒ်ပြည်သူကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများအား ထိန်းချုပ်၍ ဆီးရီးယားမြောက်ပိုင်း နယ်စပ်နှင့်ဝေးရာသို့ ပို့ဆောင်မည်ပေးမည်ဟူသော ၎င်းတို့၏ ကတိအား ပျက်ကွက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက်တွင် စွပ်စွဲလိုက်သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရသည် ၎င်းဒေသတွင် သက်သေ နှင့် အချက်အလက်များမပါရှိဘဲ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အမေရိကန် နှင့်အနောက်နိုင်ငံများ၏ အလိမ်အညာလုပ်ကြံဇာတ်လမ်းများကို အောက်တိုဘာ ၁၁ ရက်တွင် ပယ်ချလိုက်ကြောင်းသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၈ ကြိမ်မြောက်အစည်းအဝေးတွင် အချို့သော အနောက်နိုင်ငံများက ရှင်းကျန်းနှင့်ပတ်သက်၍...
ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုတွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုတွင်...
ဇူးရစ်ချ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့သည် အောက်တိုဘာ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) King ကောင်တီတွင် နေထိုင်သော အသက် ၃၀ ကျော် ၄၀ နီးပါး အမျိုးသမီးတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၌ Johnson & Johnson COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ပထမဦးဆုံး သွေးခဲသောရောဂါလက္ခဏာဖြင့် သေဆုံးခဲ့ရသည့်အမျိုးသမီးတစ်ဦးဖြစ်လာကြောင်း ဒေသခံ ကျန်းမာရေးအရာရှိများက...
တီဟီရန်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေလျှော့ရန် အမေရိကန်၊ဥရောပနိုင်ငံများ၏ ပိတ်ဆို့မှုကို ဖယ်ရှားဖို့ အီရန် ရေနံစွမ်းအင်ဝန်ကြီး Javad Ogiက ပြီးခဲ့သည့်ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံ၏ အောက်တိုဘာ ၅ ရက် သတင်းများအရ သိရသည်။