ကဘူးလ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) “ကျွန်တော်တို့ ဓာတ်ပုံပြခန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖိနှိပ်ချုပ်ခြယ်ခံရသော အာဖဂန်ပြည်သူများ၏ အကျပ်အတည်းကို ကမ္ဘာ့အသိုင်းအဝိုင်းထံ ခင်းကျင်းပြသဖို့နဲ့ အမေရိကန်ကထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေး အကူအညီပေးဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းဖို့ပဲ ဖြစ်ပါတယ်” ဟု အာဖဂန် ဓာတ်ပုံဆရာ Zirak Malyar...
ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား“တိုက်ရိုက် ဘတ်ဂျက်အကူအညီ” အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကူညီပံ့ပိုးမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က တယ်လီဖုန်းပြောကြားမှု မှတ်တမ်း၌...
ဘရပ်ဆဲလ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့သည် အမေရိကန်မှ ဥရောပသို့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု တိုးချဲ့လုပ်ဆောင်ခြင်းနှင့် သန့်စင်စွမ်းအင်သို့ အရှိန်မြှင့်တင် ပြောင်းလဲပြီး ဥရောပသမဂ္ဂ စွမ်းအင်လုံခြုံရေးကို ကာကွယ်သည့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်ကို မတ် ၂၅ ရက်တွင်ကြေညာခဲ့သည်။
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်နေပြီး ဓာတ်ဆီခိုးယူမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ ကားရောင်းဝယ်သူများနှင့် ဓာတ်ဆီဆိုင်အများအပြားသာမက အချို့သောကိုယ်ပိုင်ကားများလည်း ဓာတ်ဆီခိုးယူခံနေရကြောင်း သိရသည်။
မော်စကို၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ကုလသမဂ္ဂ (UN)ဌာနချုပ်၌တာဝန်ထမ်းဆောင်နေသော ရုရှားနိုင်ငံ သံတမန်များအား အမေရိကန်က မကြာသေးမီတွင် နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားရှိ အမေရိကန် သံတမန်များအား နှင်ထုတ်ကြောင်း ရုရှားနိုင်ငံက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အယူအဆ ခြုံငုံကောက်ချက်ချခြင်းနှင့် တရုတ် စီးပွားရေးလုပ်ငန်းများအား ကျိုးကြောင်းဆီလျော်မှုမရှိစွာ ဖိနှိပ်ရန် နိုင်ငံ့အာဏာသုံးပြုခြင်းကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက မတ် ၂၄ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
နယူးယောက်၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန် စသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”သို့ သဘာဝဓါတ်ငွေ့ရောင်းချသည့်အခါ ရူဘယ်နှင့်ပြောင်းလဲတွက်ချက်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ရုရှားဈေးကွက်မှ ပြင်သစ်လုပ်ငန်းကြီးများ နုတ်ထွက်ကြရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယင်းနေ့...
ဟူစတန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်-အလယ်ပိုင်း တက္ကဆက်ပြည်နယ်နှင့် အိုကလာဟိုးမားပြည်နယ်ရှိ နေရာများ၌ မတ် ၂၁ ရက်က လေဆင်နှာမောင်းများ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) မတ် ၂၂ ရက်က ကျင်းပသည့် ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ လူနည်းစုအရေး အထူးကိုယ်စားလှယ်ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကိုယ်စားလှယ်က အမေရိကန်အနေဖြင့် လူနည်းစုအခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ်ဇာဗီယာဘတ်တဲလ်( Xavier Bettel ) နှင့် မတ် ၁၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် “ ယူကရိန်းနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားဆောင်ရွက်မှုတွေဟာ လက်ခံနိုင်စရာမရှိတဲ့ သဘောသဘာဝပဲ“ဟု ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တစ်စောင်၌ ဖော်ပြထားသည်။