ကဘူးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်ပိုင်ငွေကြေးများကို အမေရိကန်နိုင်ငံက ထိန်းချုပ်ထားခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာသည် ဇန်နဝါရီ ၂ ရက်က ကဘူးလ်မြို့လမ်းမများပေါ် တက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အာဖဂန်ငွေများထိန်းချုပ်ထားခြင်းကို ဖြေလွှတ်ပေးရန် အမေရိကန်အား ကြွေးကြော် တောင်းဆိုခဲ့ကြသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ယခုနှစ်တွင် တရုတ် အာကာသစခန်းသို့ အမေရိကန် Starlink ဂြိဟ်တု နှစ်ကြိမ်ချဉ်းကပ်ခဲ့ပြီး အာကာသစခန်းရှိ အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်ကျန်းမာရေးကို ခြိမ်းခြောက်သည့်ကိစ္စရပ်အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် နိုင်ငံတကာဥပဒေကို အခြေခံသည့် အာကာသနိုင်ငံတကာအခင်းအကျင်းကို လေးစားမှုရှိသင့်ပြီး ထိုသို့သောကိစ္စရပ်များ ထပ်မံ...
မော်စကို၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) နေတိုးအဖွဲ့က ရုရှားနိုင်ငံအပေါ် စစ်ရေးခြိမ်းခြောက်မှုများပြုလုပ်ခြင်းသည် နှစ်ဖက်ဆက်ဆံရေးကို ဆိုးဝါးစေသည့် အကြောင်းအရင်း ဖြစ်ကြောင်း ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Aleksandr Fominက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားကြောင်း ဝ လိုက်သည်။တစ်ချိန်တည်းတွင်ပင် ၎င်းက ရုရှားသည် နေတိုးအဖွဲ့နှင့် စေ့စပ်သေချာသည့်...
မော်စကို ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအား တန်ပြန်ထိန်းချုပ်ရန် ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ်တစ်ခုဖြစ်သည့် ပစိဖိတ်ပိတ်ဆို့မှုအစီအစဉ် Pacific Deterrence Initiative (PDI) သည် မစတင်ခင်ကပင် ကျရှုံးမည်မှာ သေချာကြောင်း အမေရိကန် မရိန်းတပ် ထောက်လှမ်းရေးအရာရှိ(ဟောင်း) Scott Ritter က ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက တောင်အာဖရိက ၈ နိုင်ငံအပေါ် ကိုဗစ်ရောဂါနှင့် ဆက်စပ်သော ခရီးသွားကန့်သတ်ချက်များအား ဒီဇင်ဘာ ၃၁ ရက်တွင် ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၂၄ ရက်၌ ကြေညာခဲ့သည်။
နယူးယောက်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရွိုင်ရယ် ကာရေဘီယံ နိုင်ငံတကာအပျော်စီးသင်္ဘော (Royal Caribbean International cruise ship) သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ ဒီဇင်ဘာ ၁၈ ရက်က ထွက်ခွာသွားပြီးနောက် သင်္ဘောပေါ်လိုက်ပါသွားသူ ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း...
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအား ကုသရာတွင် အရေးပေါ်အသုံးပြုနိုင်မည့် ပထမဆုံး သောက်ဆေးကို အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(USFDA)က ဒီဇင်ဘာ ၂၂ ရက်တွင် ခွင့်ပြုလိုက်သည်။ ၎င်းဆေးကို ကိုဗစ်ရောဂါလက္ခဏအပျော့စားနှင့်အလယ်အလတ်အဆင့်ရှိသော အရွယ်ရောက်ပြီးသူနှင့် အသက် ၁၂ နှစ် နှင့်အထက်ရှိသောကလေးများတွင် အသုံးပြုနိုင်ပြီး ရောဂါပြင်းထန်သည့် အန္တရာယ်ရှိသူ လူအုပ်စုများတွင်လည်း...
ပေကျင်း၊ ဒီဇင်ဘာ ၂ ၂ ရက်(ဆင်ဟွာ) စစ်တပ် တပ်ဖွဲ့ဝင်များ အစွန်းရောက်ဝါဒ စီစဉ်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကို ဦးတည်သည့် အသေးစိတ် တားမြစ်မိန့်များကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစွန်းရောက်ဝါဒသည် အမေရိကန်တပ်အတွင်း နေ့စဉ်နှင့်အမျှ ဦးမော့လာနေကြောင်း စစ်တပ်အရာရှိများက သတိပေး ပြောကြားခဲ့သည်။...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT) တွင် သြစတြေးလျနှင့် အမေရိကန်၊ ဗြိတိန်တို့ပူးပေါင်း၍ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ခြင်းကို တားမြစ်ထားခြင်း မရှိဟု အမေရိကန်၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအား ဖိနှိပ်ရာမှာ ဆောက်တည်ရာမရအခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံအား ထိန်းချုပ်ရန် ရှင်းကျန်းဒေသအား အသုံးချရန်ကြိုးပမ်းမှုသည် ဘယ်သောအခါမျှ အောင်မြင်မည်မဟုတ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။...