တိုကျို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်းက ဂျပန်နိုင်ငံအတွက် လုံးဝအကျိုးပြုနိုင်မည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှိဂဲရု အီရှီဘာက ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားလျက် ဂျပန်အနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသင့်သည်ဟူသော ဂျပန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး၏ အငြင်းပွားဖွယ် မှတ်ချက်စကားကို တုံ့ပြန်ခဲ့သည်။
တိုကျို၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) လွှတ်တော်နှစ်ရပ်လုံးတွင် ထောက်ခံမဲအများစုကို ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ဖြစ်သူ ရှိဂဲရု အီရှီဘာသည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အောက်တိုဘာ ၁ ရက်တွင် တရားဝင် တင်မြှောက်ခံခဲ့ရသည်။ ဝန်ကြီးချုပ်သစ်အား ရွေးချယ်တင်မြှောက်ရန်အတွက် ဂျပန်နိုင်ငံ၏ ဒိုင်းယက်...