Education & Health4 years ago
ဝေးလံခက်ခဲသောနေရာဒေသများ နှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် HIV/AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများရှိနေဟု ဝန်ကြီး ပြောကြား
ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံ၏ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် အောင်မြင်မှုများရရှိ နေသော်လည်း ဝေးလံခက်ခဲသောနေရာဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများရှိနေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။