Myanmar2 months ago
မြန်မာနိုင်ငံတွင် လူပေါင်းတစ်ရာကျော်ကို ရေဘေးမှ ကယ်တင်ပေးခဲ့သော အသက် ၁၂ နှစ်အရွယ် ရဲရင့်သောကလေးငယ်
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် စက်တင်ဘာလဆန်းပိုင်းက ရေကြီးရေလျှံဖြစ်ပွားမှုအတွင်း အသက် ၁၂ နှစ်အရွယ် ကလေးငယ်က လူပေါင်းတစ်ရာကျော်ကို ရေဘေးမှကယ်တင်ပေးခဲ့သည်။ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်သုခကျေးရွာတွင် နေထိုင်သည့် မောင်ပေါများဆိုသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်မှာ ရေကြီးရေလျှံဖြစ်ပွားသောကာလအတွင်း ဂုဏ်ယူဖွယ်ကောင်းသော သူရဲကောင်းတစ်ဦးအဖြစ် လူသိများလာခဲ့သည်။...