ဂျီနီဗာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲသည် ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ကျန်းမာရေးအဆောက်အအုံများနှင့် ဝန်ထမ်းများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုမှ ကာကွယ်ရန် တောင်းဆိုလိုက်သည်။ ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးချုပ် ဆွေးနွေးပွဲ၌ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒမ်နွမ်ဂယ်ဘရက်စ်စက်က ဂါဇာ၊ ဆူဒန်နှင့် အီသီယိုးပီးယားတို့တွင် ကျန်းမာရေးအဆောက်အုံများ ပျက်စီးခြင်းနှင့် ဝန်ထမ်းများထိခိုက်ခြင်းကို စံတစ်ခုလိုတွေ့မြင်နေရကြောင်း ပြောကြားခဲ့သည်။...
၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း လူဦးရေ သန်းတစ်ရာသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း သို့မဟုတ် ပဋိပက္ခရှည်ကြာခြင်းတို့က ကမ္ဘာ့နေရာဒေသအများအပြားတွင် အဓိက ပြောင်းရွှေ့နေထိုင်ရသော အကြောင်းရင်းများ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားခဲ့သည်။ (Xinhua) ……………………………… (English Version) 100 mln people...