ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံထားရသော အစ္စရေး ၆ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း အစ္စရေးနိုင်ငံကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်၌ သတင်းထုတ်ပြန်ပြီးနောက် သဘောတူညီမှု အမြန်ဆုံး ရရှိပြီး ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန် ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ် နယ်နိမိတ်ချင်း ထိစပ်နေသော...
ဂျေရုဆလမ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းသော ဆန္ဒပြပွဲများ စက်တင်ဘာ ၁ ရက်တွင် အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း၊ ပြည်သူအများအပြားသည် လမ်းမပေါ်ထွက်ကာ အစ္စရေးအစိုးရအနေဖြင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံထားရသော အစ္စရေးများ...
ဂျေရုဆလမ်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ လအတန်ကြာအတွင်း အကြီးမားဆုံး စစ်ဆင်ရေးတစ်ရပ်ကို တတိယမြောက်နေ့အဖြစ် လုပ်ဆောင်စဉ်အတွင်း ဂျီနင်မြို့ရှိ ဟားမက်စ်အဖွဲ့၏ တပ်မှူးကို သုတ်သင်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ဩဂုတ် ၃၀ ရက်တွင် ကြေညာခဲ့သည်။ ယင်းကဲ့သို့ သုတ်သင်ခဲ့သူမှာ ဝါဆမ်ဟာဇမ်ဟု အမည်ရသော ဟားမက်စ်တပ်မှူးဖြစ်ကြောင်း...
ရာမာလာ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဩဂုတ် ၂၈ ရက်မှစ၍ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၂၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ဩဂုတ် ၃၀ ရက်တွင်...
ကုလသမဂ္ဂ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ကလေးများအား (ပိုလီယိုရောဂါ) ကာကွယ်ဆေး ထိုးပေးရန် ယာယီအပစ်အခတ်ရပ်စဲကြောင်း သဘောတူညီခဲ့သည်ဟု သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ် Rik Peeperkorn က သြဂုတ်...
ကုလသမဂ္ဂ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းခဲ့ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ဩဂုတ် ၂၈ ရက်တွင် ဂျီနင်၊ တူလ်ကမ်းနှင့် တူဘက်စ် မြို့တို့၌...
ရန်ကုန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ -တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုက အာဖရိက၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို လမ်းကြောင်းသစ်ဖွင့်လှစ်ပေး – အစ္စရေးစစ်တပ်က West Bank မြောက်ပိုင်းတွင် စစ်ဆင်ရေးအကြီးအကျယ်စတင် –...
ဂျေရုဆလမ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းနှင့် ခဲယမ်းကျည် တန်ချိန် ၅၀,၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ “ဝယ်ယူလက်ခံရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ သံချပ်ကာယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းကျည်တွေ၊...
ဂါဇာ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အခြေခံ၍ ဇူလိုင်လတွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လိုက်နာရန် အစ္စရေးအား တောင်းဆိုခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နိုင်ငံရေးဗျူရို အဖွဲ့ဝင်...
ဂျေရုဆလမ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr အား အစ္စရေး လုပ်ကြံသတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဩဂုတ် ၂၅ ရက်တွင် အစ္စရေးနိုင်ငံအား အကြီးစားတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က အဆိုပါနေ့တွင် ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် အစ္စရေးနိုင်ငံတစ်ဝန်း ၄၈ နာရီ...