ဂျေရုဆလမ်/ဂါဇာ၊ မတ် ၁၈ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်သည် မတ် ၁၈ ရက် နံနက်ပိုင်းတွင် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသအား လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) မီဒီယာရုံးက...
ဂျေရုဆလမ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) နှင့် တင်းမာမှုများ ကြီးထွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ၎င်းဌာန၏ အကြီးအကဲဖြစ်သူ ရိုနန်ဘားအား ရာထူးမှထုတ်ပယ်မည့် လုပ်ထုံးလုပ်နည်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မတ် ၁၆ ရက်က ကြေညာခဲ့သည်။ ရိုနန်ဘားအား ရာထူးမှထုတ်ပယ်ရေးအတွက်...
ဘေရွတ်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အစ္စရေး၏ အခြေချတပ်စွဲမှုကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ဟစ်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူး နာအင်း ကာဆမ်က မတ် ၉ ရက်၌ ထပ်လောင်းပြောကြားခဲ့ပြီး လက်ဘနွန်အား ကာကွယ်ရန်အတွက် ဟစ်ဇ်ဘိုလာ၏ ခိုင်မာသောအင်အားနှင့် စိတ်ပိုင်းဖြတ်မှုတို့ကို အလေးအနက်ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာအနေဖြင့်...
ဂျေရုဆလမ်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက် ဒုတိယအဆင့် ဆွေးနွေးပွဲကို တွန်းအားပေးရန် အစ္စရေးအနေဖြင့် မတ် ၁၀ ရက်တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်သွားမည် ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက မတ် ၈ ရက် ညပိုင်း၌...
ဂျေရုဆလမ်၊ မတ် ၆ ရက် (ဆင်ဟွာ) အစ္စရေး ကာကွယ်ရေးတပ် (IDF) ၏ ၂၄ ဦးမြောက် အကြီးအကဲအဖြစ် အိုင်ယာ ဇာမီယာက မတ် ၅ ရက်၌ စတင်တာဝန်ယူခဲ့ပြီး အစ္စရေး၏ စစ်မျက်နှာအသီးသီးတွင် ဖွင့်ထားသော စစ်ပွဲကို ဆက်လက်ဆင်နွှဲမည်ဖြစ်ကာ ရန်သူများကို ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည်ဖြစ်ကြောင်း...
ဂျေရုဆလမ်၊ မတ် ၄ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် ဂျော်ဒန်နိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင် အမေရိကန်ဒေါ်လာ ၁.၄၄၅ ဘီလီယံ အကုန်အကျခံ၍ အကာအရံများ တည်ဆောက်မှုကို မကြာမီလပိုင်းအတွင်း စတင်မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မတ် ၃ ရက်၌ ပြောကြားခဲ့သည်။ ဂျော်ဒန်မြစ်ဝှမ်းဒေသသို့ သွားရောက်သည့် ခရီးစဉ်အတွင်း...
ဂျေရုဆလမ်၊ မတ် ၃ ရက် (ဆင်ဟွာ) မတ် ၂ ရက်မှစ၍ အစ္စရေးက ဂါဇာဒေသသို့ ကုန်စည်ပစ္စည်းများဝင်ရောက်မှု အားလုံးကို ယာယီရပ်တန့်သွားမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အစ္စရေးအနေဖြင့် အမေရိကန်က အဆိုပြုသော ယာယီအပစ်ရပ်စဲရေး အစီအစဉ်အား လက်ခံရန် ဆုံးဖြတ်ခြင်းသည် ဟားမက်စ်နှင့်...
ဒါရာ (ဆီးရီးယား)၊ ဖေဖာ်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းသို့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်က ထိုနေ့ညပိုင်းတွင် ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ကွပ်ကဲရေးဗဟိုသော့ချက်နှင့်...
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးက အကြီးစားစစ်ဆင်ရေးကို ဆက်လက် အရှိန်မြှင့်လုပ်ဆောင်နေစဉ် ယင်းဒေသရှိ ဒုက္ခသည်စခန်းများတွင် အစ္စရေးစစ်တပ်အား တစ်နှစ်ကြာ ဖြန့်ကြက်ချထားရေးအတွက် အသင့်ပြင်ဆင်ထားရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဖေဖော်ဝါရီ ၂၃ ရက်၌ ညွှန်ကြားခဲ့သည်။ အစ္စရေးစစ်တပ်က အနောက်ဘက်ကမ်းဒေသ...
ရာမာလာ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် အနောက်ဘက်ကမ်းဒေသ အထူးသဖြင့် မြောက်ပိုင်းဒေသများတွင် လူသတ်မှု၊ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းမှု၊ အိမ်ရာအဆောက်အအုံများကို ဖျက်ဆီးမှု စသော ရာဇဝတ်မှုများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စစ်ပွဲဆင်နွှဲနေသည်ဟု ပါလက်စတိုင်းဘက်က ဖေဖော်ဝါရီ ၁၉ ရက်၌ စွပ်စွဲပြောကြားခဲ့သည်။ အစ္စရေးတပ်ဖွဲ့ဝင်များက ဂျီနင်မြို့၊...