ဂျီနီဗာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်နီးပါးမှာ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁ ရက်တွင်ပြောသည်။ ဆူဒန်နိုင်ငံ၏ လူဦးရေ ၂၆ သန်းမှာ ယခုအခါ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသည်။ လူပေါင်း ၇၅၅,၀၀၀ မှာ ငတ်မွတ်ခေါင်းပါးမှု...
ကုလသမဂ္ဂ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကို ဖြေလျှော့ပြီး ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန်အတွက် ဘက်ပေါင်းစုံအနေဖြင့် ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric မှတစ်ဆင့် ဇူလိုင်လ ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင်...
အဒစ်အာဘာဘာ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း သေဆုံးသူအရေအတွက် ၅၀၀ ခန့်အထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ယမန်နေ့တွင် သတိပေးပြောကြားခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်အထိ ၎င်းသဘာဝဘေးကြောင့် သေဆုံးသူ အရေအတွက် ၂၅၇ ဦး အထိရှိလာပြီး...
ကုလသမဂ္ဂ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း”ကို ဖော်ဆောင်ခြင်းက အရှေ့အလယ်ပိုင်းပြဿနာ ဖြေရှင်းရေး၏ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇူလိုင် ၁၇ ရက် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။...
ကုလသမဂ္ဂ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ယူကရိန်းပဋိပက္ခနှင့် သက်ဆိုင်သောနိုင်ငံများအနေဖြင့် ဆင်ခြင်တုံတရားရှိစွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ထိထိရောက်ရောက် လိုက်နာကြရန်နှင့် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုကို ရှောင်ရှားကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဇူလိုင် ၉...
အက်စ်တာနာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ ကျင့်သုံးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု မြှင့်တင်ရေးအတွက် ပင်မပလက်ဖောင်းအဖြစ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကသာလျှင် အားကောင်းနိုင်မည်ဖြစ်ကာ အားလျော့သွားမည်မဟုတ်ကြောင်း ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။ သမ္မတ ရှီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်...
ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ရန်၊ ဂါဇာဒေသသို့ လူသားချင်းစာနာမှုအကူအညီများ လျင်မြန် ဘေးကင်းစွာဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းမှုကို ဂရုပြုရန် တရုတ်နိုင်ငံက ဇူလိုင် ၂ ရက်၌ ပြောကြားခဲ့သည်။ ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း...
ကုလသမဂ္ဂ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) လုံခြုံရေးကောင်စီ မြောက်ကိုရီးယားနျူကလီးယားအရေး တံခါးဖွင့်ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားကျွန်းဆွယ်အရေးသည် စစ်အေးတိုက်ပွဲအဖြစ် ဆယ်စုနှစ်ချီကြာအောင် တည်ရှိခဲ့ပြီး ဖြေရှင်းရန် ကြန့်ကြာနေရသည့်အချက်မှာ အမေရိကန်နှင့် မြောက်ကိုရီးယားကြား အပြန်အလှန်ယုံကြည်မှု ကင်းမဲ့ခြင်းနှင့် ငြိမ်းချမ်းရေးယန္တရားများ မရှိခြင်းပင်ဖြစ်ကြောင်း၊ ကျွန်းဆွယ်အရေးကို အခြေခံကျကျ ဖြေရှင်းမည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေး ယန္တရားမှ ငြိမ်းချမ်းရေးယန္တရားသို့...
ကုလသမဂ္ဂ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစည်းအဝေးတွင် တရုတ်နိုင်ငံက ကုလသမဂ္ဂအနေဖြင့် အရင်းအမြစ်များ ခွဲဝေပေးရေးကို အလေးထားရန်၊ အထူးသဖြင့် ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ကာလရှည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို အာရုံစိုက်ဆောင်ရွက်ရန်၊...
ကုလသမဂ္ဂ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ တင်းမာမှုများ ဆိုးရွားစေမည့် လှုပ်ရှားမှုများကို ရှောင်ရှားကြရန်၊ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ပိုမိုကြီးမားသော ဧရာမကပ်ဆိုးကြီးထဲသို့ ဆွဲမသွင်းကြရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၂၅ ရက် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး...