ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အကုန်အထိ ဘဏ်ကတ် စုစုပေါင်း ၈ ဒသမ ၉၈ ဘီလီယံ ထုတ်ဝေထားကြောင်း စက္ကူပြာစာတမ်းအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ဘဏ်ကတ်များမှတစ်ဆင့် ငွေသွင်း ၊ ငွေထုတ် ပမာဏ ယွမ်...
နယူးဒေလီ ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းကာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပြီးနောက် လူ ၂၆ ဦးထက်မနည်း သေဆုံးပြီး အခြားသူ အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ကီရာလာပြည်နယ်၏...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသူ ၁၃၀၀ကျော်နှင့် တရားစွဲခံနေရသူ ၄၀၀၀ကျော်အား ယနေ့(အောက်တိုဘာ ၁၈ ရက်)တွင် လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး...
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) Shenzhou-13 အာကာသယာဉ်မှူးများသည် ကုန်ပစ္စည်းလွှဲပြောင်းရန် Tianzhou-3 ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မခန်းတွင် အောင်မြင်စွာ ချိတ်ဆက်ပြီးနောက် Shenzhou-13 အာကာသယာဉ်မှူးများသည်...
မော်စကို ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းသည် ဂျပန်ပင်လယ် ကြားနေရေပိုင်နက်ပေါ်တွင် အမေရိကန်နိုင်ငံ၏ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တစ်စင်းကို အောက်တိုဘာ ၁၇ ရက်တွင် လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားရေဒါများသည် ဂျပန်နိုင်ငံ၏ ပင်လယ်ပြင်ပေါ်တွင် ရုရှားနယ်စပ်သို့ ချည်းကပ်လာသည့် လေကြောင်းပစ်မှတ်တစ်ခုအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း နှင့် တုန့်ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ...
ဗီယင်ကျန်း၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) “လန်ချန်း”ကျည်ဆန်ရထားတွဲကြီးကို အောက်တိုဘာ ၁၆ ရက်က ဆောက်လုပ်ပြီးစ တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းဘူတာကြီးသို့ ပို့ဆောင်၍ Laos-China Railway Co., Ltd သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် “လန်ချန်း” ကျည်ဆန်ရထား လွှဲပြောင်းပေးအပ်ပွဲ...
ကွမ်ကျိုး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တံခါးဖွင့်ဝါဒနှင့် ပြုပြင်ပြောင်းလဲရေးဖြင့် မောင်းနှင်နေခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သောဖွံ့ဖြိုးတိုးတက်မှု ရရှိရန် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ကမ္ဘာကြီးအား မျှဝေသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လီသည် တရုတ်နိုင်ငံ တောင်ပိုင်း...
မနီလာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) COVID-19 ကူးစက်မှုနည်းသော တရုတ်နိုင်ငံနှင့် အခြားနိုင်ငံ နှင့်ဒေသ ၄၀ ကျော်မှ ခရီးသွားများအနေဖြင့် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပါက ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ရာတွင် quarantine လိုအပ်ချက်အား ပယ်ဖျက်ပေးလိုက်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Harry Roque က အောက်တိုဘာ...
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေး ကွန်ဖရင့်သို့ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ “ကမ္ဘာနှင့်ကူးလူးဆက်ဆံသော ခေတ်ကာလနှင့်လျော်ညီသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ရှေ့သို့လျှောက်လှမ်းမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ထိုသို့...