Connect with us

Politics

မြန်မာနိုင်ငံ တွင် သမ္မတသစ် အဖြစ် ဦးထင်ကျော် တင်မြောက်ခံရသည့် အပေါ် တရုတ်နိုင်ငံမှ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့်ရှိသူ လုခန် က ရှင်းလင်း ပြောကြားနေစဉ် (ဓာတ်ပုံ-China MOFA)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကျင်းပ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ၌ သမ္မတသစ် အဖြစ် ဦးထင်ကျော် ရွေးချယ်တင်မြှောက် ခံရသည့်အပေါ် တရုတ်နိုင်ငံက ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် (Lu Kang) က မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် က ပေါ်ထွက်လာမည့် မြန်မာနိုင်ငံ၏ အစိုးရသစ် နှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် မျှော်လင့် ပါကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်း ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား လူမျိုးစုများ စည်းလုံး ညီညွတ်ရေး လုပ်ငန်းများတွင် ဆက်လက် ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ လုခန် က တူညီသည့် အားထုတ်မှုများနှင့်အတူ တရုတ်-မြန်မာ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်ခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.