Connect with us

Politics

ပြည်သူ့ကွန်ဂရက် ၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာကျန်းဒေကျန်းက ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် ၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာကျန်းဒေကျန်း နှင့် ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းထံသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာကျန်းဒေကျန်း က ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာကျန်းဒေကျန်း ပေးပို့သော သဝဏ်လွှာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေချင်း ဆက်စပ်နေပြီး ဆွေမျိုး ပေါက်ဖော် ချစ်ကြည်မှုမှာလည်း ရှေးပဝေသဏီ ခေတ်မှ စ၍ တည်ရှိခဲ့ကြောင်း ၊ မကြာမီနှစ်များက တရုတ်-မြန်မာ အိမ်နီးချင်းကောင်း မိတ်ဖက် ဆက်ဆံမှုသည် နက်ရှိုင်းစွာ ဖွံ့ဖြိုး တိုးတက်ပြီး နှစ်နိုင်ငံ လွှတ်တော် အကြား ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသည်လည်း တစ်နေ့တခြား တိုးပွားလာပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ထိရောက် တိကျသော အကျိုးစီးပွားများကို ဆောင်ကြဉ်းလာပါကြောင်း ၊ မိမိသည် ဦးမန်းဝင်းခိုင်သန်း နှင့် အတူ လက်တွဲ ကြိုးပမ်းပြီး နှစ်နိုင်ငံ လွှတ်တော် အကြား ကူးလူး ဖလှယ်မှုကို တစ်ဆင့် တိုးပွားစေပြီး နယ်ပယ် အသီးသီးတွင် နှစ်နိုင်ငံ၏ မိတ်ဆွေ အဖြစ် ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးရန် ၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့တိုးမြှင့်ရန် တို့အတွက် တက်ကြွသော အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်လိုပါကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.