ဘိုဂိုတာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ အယ် အက်စ်ပီနယ်လ်တွင် နွားရိုင်းသတ်ပွဲတစ်ခု ကျင်းပနေစဉ်အတွင်း သစ်သားဖြင့် ဆောက်လုပ်ထားသည့် ပွဲကြည့်စင်တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် လူ ၅ ဦးသေဆုံးပြီး အနည်းဆုံး လူ ပေါင်း ဒါဇင်နှင့်ချီကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဟောင်ကောင် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အမိမြေ၏ ခိုင်မာသောအားပေးထောက်ခံမှုဖြင့် ဟောင်ကောင်သည် ပြီးခဲ့သော ၂၅ နှစ်အတွင်း အန္တရာယ်များအား ဖယ်ရှားခဲ့ပြီး စိန်ခေါ်မှုများအား ကျော်လွှားလွန်မြောက်ခဲ့ကာ ချမ်းသာဝပြောခြင်း နှင့် တည်ငြိမ်ခြင်းကို ထိန်းသိမ်းခဲ့ကြောင်း ၊ “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး”မူသည် လက်တွေ့ နှင့် အချိန်၏...
ခို့စ်ထ်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်ကုမ္ပဏီလုပ်ငန်းမှ ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဇွန် ၂၆ ရက်က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခို့စ်ထ်(Khost)ပြည်နယ် မြို့တော် ခို့စ်ထ်တွင် ကျင်းပခဲ့သည်။
ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် ချီကာဂိုမြို့ လမ်းပေါ်တွင် ဇွန် ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ၅ လအရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ထိမှန်သေးဆုံးသွားခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုက တည်ဆောက်သည့် Padma တံတားအား ဇွန် ၂၅ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးတွင် ပါဝင်သည့် ရုရှားတပ်ဖွဲ့ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၏ ဇွန် ၂၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ရုရှားတပ်များ ဒွန်းနက်စ်(Donetsk)ဒေသ မြောက်ပိုင်း အဓိကမြို့ Slovyanskတွင် စစ်အင်အား...
ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ 5G ဖုန်း တင်ပို့မှုများသည် ယခုနှစ် မေလတွင် အလုံးရေ ၁၇ ဒသမ ၇၄ သန်းအထိ ရှိပြီး နှစ်အလိုက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာအကယ်ဒမီ(CAICT)၏...
ကိပ်တောင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa က ကိပ်ပြည်နယ်အရှေ့ပိုင်း ၊ အရှေ့လန်ဒန်မြို့၌ ဇွန် ၂၆ ရက် နံနက်အစောပိုင်းတွင် စားသောက်ဆိုင် သို့မဟုတ် ပျော်ပွဲစားရုံ တစ်ခု၌ ဆယ်ကျော်သက်အရွယ် လူငယ် ၂၂ ဦး သေဆုံးခဲ့ရခြင်းအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းကို...
ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဖျော်ယမကာရောင်းချမှုသည် ယခုနှစ်ပထမငါးလတာအတွင်း နှစ်အလိုက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ဘေရွတ် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီခရိုင် Qibbeh တွင် ဇွန် ၂၆ ရက်က သုံးထပ် အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားရာ လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြား လူအများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်း အမျိုးသားသတင်းအေဂျင်စီ(NNA) က ဖော်ပြခဲ့သည်။