ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း မဟာဘွဲ့ ၆ ဒသမ ၅ သန်းကျော် နှင့် ပါရဂူဘွဲ့ ၆၀၀,၀၀၀ ကျော် ချီးမြှင့်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ၌ အရေးပါသော ရှေ့ဆက်ခြေလှမ်းများအဖြစ် ရာသီဥတုပြောင်းလဲခြင်း စောင့်ကြည့်ခြင်းနှင့် အန္တရာယ်ဖြစ်နိုင်သော ကာကွယ်နိုင်စွမ်းများ အဆင့်မြှင့်တင်ရန် အသေးစိတ် ဆောင်ရွက်ချက်များကို ထားရှိကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား စီမံကိန်း ၁၃ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)အထူးရန်ပုံငွေ ၂၀၂၂ မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်အား ဇွန် ၁၃ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အော့တဝါ ၊ ဇွန်၁၄ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူးဒေါ့က ၎င်းသည် COVID-19 ရောဂါ ထပ်မံကူးစက်ခံရကြောင်း ဇွန် ၁၃ ရက်တွင် တွစ်တာလူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ဂျကာတာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ အမှတ်-၄ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာတွင် box girder ရက်မ ၉၈၁ ခုအား မူလစီစဉ်ထားသည့်အတိုင်း ဇွန် ၁၃ ရက်၌ ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ပုံသွန်းလောင်းသောနေရာဆိုင်ရာ အောင်မြင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတော့ဟုမ်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဆွီဒင်နှင်ဖင်လန် နိုင်ငံများ၏ နေတိုးအဖွဲ့သို့ဝင်ရောက်ရန် လုပ်ငန်းစဉ်သည် ခန့်မှန်းထားသည်ထက် ရှုပ်ထွေးရာ အဖွဲ့ဝင်ဖြစ်ရေး အချိန်မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဇွန် ၁၃ ရက် ဆွီဒင်တွင် ပြောကြားခဲ့သည်။
လူဇင်ဘတ်၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့ လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနက နိုင်ငံတောင်ပိုင်းရှိ ပုလဲမြစ်ဝှမ်းဒေသ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ရေကြီးရေလျှံမှု အရေးပေါ်တုံ့ပြန်ခြင်း အဆင့်-၃ အဖြစ် ကနဦးသတ်မှတ်ထားကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ပါ့သ် ၊ ဩစတြေးလျ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Xiao Qian က နှစ်နိုင်ငံဆက်ဆံရေး၏ ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများနှင့်အညီ ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ကျန်းစု၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် Nantong မြို့ Rudong ကောင်တီ ရှိ Rudong ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံအတွက် မြစ်ဝါမြစ်မျက်နှာပြင်ပေါ်တွင် လေအားလျှပ်စစ်တာဘိုင်ပေါင်း ၁,၂၀၀ ဝန်းကျင်ကိုတည်ဆောက်ထားသည်။ လေအားလျှပ်စစ်စီမံကိန်းက ယခုနှစ်တွင် လျှပ်စစ် ကီလိုဝပ် နာရီပေါင်း ၁၅.၆၈ ဘီလီယံကိုထုတ်လွှတ်နိုင်ရန်လျာထားပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှု...