မာလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားနှင့်အတူ လွန်ခဲ့သောနှစ်အနည်းငယ်အကြာက အရာအားလုံးစတင်လာခဲ့သည်။ တရုတ်နိုင်ငံမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော တံတားဖွင့်လှစ်ခြင်းသည် ပထမဆုံးအကြိမ် မြို့တော် မာလီမှ အနီးဝန်းကျင် Hulhumale ကျွန်းသို့ လမ်းလျှောက်သွားလာနိုင်ပြီဟု ဆိုလိုခြင်းလည်းဖြစ်ပေသည်။
နယူးဒေလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်နှင့် အနီးဆုံးရပ်ကွက်တစ်ခုရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၌ ကိုဗစ်-၁၉ (COVID-19) ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်းကျောင်းအားအနည်းဆုံး သီတင်းပတ်တစ်ပတ်ပိတ်ထားကြောင်း သိရသည်။
ရှင်းကျန်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ရှင်းကျန်းဒေသတွင်နေထိုင်သည့် ဝေဂါလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးစုများအပေါ် အဓမ္မ လုပ်အားခိုင်းစေမှုများရှိမရှိနှင့်စပ်လျဉ်း၍ ဆင်ဟွာသတင်းထောက်များက ရှင်းကျန်းဒေသရှိ စက်ရုံလုပ်ငန်းများစွာသို့သွားရောက်လေ့လာမေးမြန်းတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) ———————— (English Version) GLOBALink | Vox Pop: Is there “forced labor”...
ရှန်ဟိုင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မကြာသေးမီက COVID-19 တဖန်ပြန်လည်ဖြစ်ပွားလာမှုအား ကုသရန် တစ်မြို့လုံး၌ လူနာကုတင်ပေါင်း ၁၆၀,၀၀၀ ကျော် ကုသနိုင်မည့် ယာယီဆေးရုံ ပေါင်း ၁၀၀ ကျော် တည်ဆောက်ပြီးထားကြောင်းသိရသည်။ (Xinhua) …………………… (English Version) GLOBALink...
အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၏ ၂၃ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် Shahbaz Sharif သည် ဧပြီ ၁၁ ရက် ညပိုင်းတွင် သမ္မတအိမ်တော်၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥရောပနိုင်ငံတစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် လေကြောင်းရန်-ကာကွယ်ရေးကိရိယာများကို ချေမှုန်းဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
မနီလာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ပြီးခဲ့သောသီတင်းပတ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အော့တဝါ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံအနေဖြင့် ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း ဧပြီ ၁၁ ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ကြေညာခဲ့သည်။
နယူးယောက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဩစတြီးယား ဝန်ကြီးချုပ် Karl Nehammerသည် ဧပြီ ၁၁ ရက် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ရုရှား သမ္မတ ပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနေ့တွင်ပင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိတ်ဆို့မှုအပေါ် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း သိရသည်။