စိန်ရန်၊ မတ် ၉ ရက် (ဆင်ဟွာ) ပေကျင်း ၂၀၂၂ ဆောင်းရာသီ မသန်စွမ်းအားကစားပြိုင်ပွဲ မီးရှူးတိုင်လက်ဆင့်ကမ်းပွဲအတွင်း မီးရှူးတိုင်သယ်ဆောင်သူ Peng Yuanyuan က ဝတ်ဆင်နိုင်သည့်အသိဉာဏ်သုံးစက်ရုပ်လက်ကိုအသုံးပြုကာ ၎င်း၏ တာဝန်ကို အောင်မြင်စွာပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ အဆိုပါ စက်ရုပ်လက်ကို တရုတ်နိုင်ငံ သိပ္ပံ အကယ်ဒမီရှိ စိန်ရန် အလိုအလျောက်နည်းပညာသိပ္ပံမှ တီထွင်ခဲ့ခြင်းဖြစ်သည်။...
ဂျနီဗာ၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးဖြစ်သူ လက်ရှိတွင် တရုတ်နိုင်ငံမှတည်ဆောက်နေ သည့်အာကာသစခန်းတွင် ၆ လကြာတာဝန်ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီးအာကာသယာဉ်မှူး Wang Yaping က မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အမျိုးသမီးများနေ့ အခါသမယအတွက် နှုတ်ခွန်းဆက်ရုပ်သံဖိုင်တစ်ခုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင်ရှိသည့်...
မော်စကို၊ မတ် ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံမှ အာဏာပိုင်များသည် နိုင်ငံအတွင်း အမေရိကန်၏ ရန်ပုံငွေဖြင့်တည်ဆောက်ထားသော ဓာတ်ခွဲခန်းများ၌ ထိန်းသိမ်းထားသည့် လူကိုသေစေနိုင်သော ရောဂါများဖြစ်ပွားစေသည့် အန္တရာယ်ရှိရောဂါကူးစက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
TBOUNG KHMUM ၊ ကမ္ဘောဒီးယား ၊ မတ် ၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း Tboung Khmum ပြည်နယ်တွင် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသည့် အလွန်ကြီးမားပြီးခေတ်မီသော ဆေးရုံးကြီးကို မတ် ၈ ရက်တွင် စတင်အသုံးပြုခဲ့ပြီး ယင်းဆေးရုံကြီးသည် ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့မြောက်ပိုင်း...
ကိဗ် ၊ မတ် ၉ ရက်(ဆင်ဟွာ) Donetsk ၊ Lugansk နှင့် Crimea တို့၏ ရှေ့ရေးအလားအလာ နှင့် လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း မတ် ၈ ရက်တွင် ယူကရိန်းနိုင်ငံ သမ္မတ၏ တရားဝင် website...
တီဟီရန် ၊ မတ် ၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း Shahroud ပြည်နယ်အတွင်းရှိ သဲကန္တရတစ်ခုမှ ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ Noor-2 (Light-2) အမည်ရှိ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်စင်းအား မတ် ၈ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း IRNA နိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်လွှင့်ဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ မတ် ၉ ရက်(ဆင်ဟွာ) အက်ပဲလ် (Apple) က မျက်နှာပြင်အကျယ် ၄.၇ လက္မ နှင့် A15 ဘိုင်အိုနစ်ချစ်ဒ်ပြားကို အသုံးပြု၍ iPhone SE မော်ဒယ်အသစ်ကို ထုတ်လုပ်လိုက်ကြောင်း မတ် ၈ ရက်တွင် ကြေညာခဲ့သည်။
ရီယာဒ့်၊ မတ် ၉ ရက် (ဆင်ဟွာ)
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုမှာ ကာလရှည်တိုးတက်မှုအတွက် မပြောင်းလဲသော အခြေခံအချက်များ ဖြစ်ပွါးနေစဉ်အတွင်း ယခုနှစ် ပထမနှစ်လအတွင်း တည်ငြိမ်သော တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ မတ် ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းမှုများကို ပိတ်ပင်တားမြစ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ခြင်းကြောင့် မတ် ၈ ရက်တွင် ဆီဈေးနှုန်း ခုန်တက်သွားခဲ့ကြောင်း သိရသည်။