ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဆိုက်ဘာနယ်ပယ် (cyberspace) စီမံခန့်ခွဲရေး ယန္တရားများ ရေရှည်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
-ဆီးရီးယားနိုင်ငံ Beit Jinn ဒေသ၌ အစ္စရေး၏ ဒရုန်းများကို တွေ့ရှိခဲ့ကာ တစ်ကျော့ပြန်စစ်ဆင်ရေးကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး -ဂီနီ-ဘစ်ဆောနိုင်ငံ၏ ယာယီသမ္မတက အစိုးရအဖွဲ့ဝင်သစ်များ ခန့်အပ် -သီရိလင်္ကာနိုင်ငံတွင် ရာသီဥတုဘေးကြောင့် သေဆုံးသူ ၁၅၃ ဦးအထိရှိလာ -ရေခဲနှင့်ဆီးနှင်း ခရီးသွားလုပ်ငန်းက တရုတ်-ရုရှား ယဉ်ကျေးမှုချင်း ကူးလူးဖလှယ်မှုကို မြှင့်တင်ပေး -တွန်ဂါကျွန်းစု...
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ယဉ်ကျေးမှုရက်သတ္တပတ်ကို နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူ၌ နိုဝင်ဘာ ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်းနှင့် အနီးတစ်ဝိုက်ရှိ ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်တွင် တရုတ်တပ်မတော်က တိုက်ခိုက်ရေးအသင့်အနေအထား ကင်းလှည့်မှုများကို နိုဝင်ဘာ ၂၉ ရက်၌ ပြုလုပ်ခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်းနှင့် အနီးတစ်ဝိုက်ရှိ ရေပိုင်နက်တွင် တရုတ်ကမ်းခြေစောင့်တပ် (CCG) က ဥပဒေစိုးမိုးရေး ကင်းလှည့်မှုများကို နိုဝင်ဘာ ၂၉ ရက်၌ ပြုလုပ်ခဲ့သည်။
ကမ္ဘောဒီးယား၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) မဲခေါင်မြစ်ကိုဖြတ်ကာ တရုတ်နိုင်ငံ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် တည်ဆောက်နေသော ကမ္ဘောဒီးယား- တရုတ် ကရက်တီ ချစ်ကြည်ရေးတံတားတည်ဆောက်မှု ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။ (Xinhua) …………………………………….. (English Version) China-funded Mekong River bridge in NE Cambodia...
ဟောင်ကောင်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ နိုဝင်ဘာ ၂၉ ရက်တွင် ဝမ်းနည်းအောက်မေ့ခြင်းအခမ်းအနား ပြုလုပ်၍ တာ့ဖူခရိုင် ဟုန်ဖူအိမ်ရာ မီးလောင်ကျွမ်းမှုအတွင်း ကံမကောင်းစွာ ဆုံးပါးခဲ့သူများအတွက် ဝမ်းနည်းအောက်မေ့မှု လုပ်ဆောင်ခဲ့သည်။ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ အဆောက်အအုံများတွင် ဝမ်းနည်းအောက်မေ့ခြင်း အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်အလံနှင့် ဒေသအလံများအား အလံတိုင်တစ်ဝက်လွှင့်ထူခဲ့ကြောင်း...
ကူမင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အိမ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ရိုးရာအစဉ်အလာအရ အိမ်ခေါင်မိုးများပေါ်တွင် ထားလေ့ရှိသည့် ဝါမောင်းကြောင်ရုပ်တုငယ်များ၏ နောက်ကွယ်က လက်ရာမြောက်သော လက်မှုအတတ်ပညာကို ဤရုပ်သံဖိုင်တွင်လေ့လာကြည့်ရှုနိုင်သည်။ (Xinhua) …………………………………….. (English Version) Exquisite Wamao figurines in...
ဝူးလူမုချီ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နေ့စဥ်သုံးပစ္စည်းများ၊ မော်တော်ယာဥ်အပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ရထားတစ်စင်းသည် နိုဝင်ဘာ ၂၆ ရက်က တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလားဆန်းခိုကုန်းတွင်းဆိပ်ကမ်းမှ ပိုလန်နိုင်ငံMalaszewicze သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အားလားဆန်းခို ကုန်းတွင်းဆိပ်ကမ်း (Alatawတောင်ကြားဟု လူသိများ)...
ဟနွိုင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း-အလယ်ပိုင်းဒေသတွင် နိုဝင်ဘာ၁၆ ရက်မှ ၂၂ ရက်အထိ မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများမှာ ယခင်မှတ်တမ်းများကို ကျော်လွန်ခဲ့သည့် အလွန်ပြင်းထန်သော ရာသီဥတုဖြစ်စဉ်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသနှင့်ဇလဗေဒ ကြိုတင်ခန့်မှန်းရေးစင်တာ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းစာ Voice of Vietnam က...