တိုကျို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂျပန်ပြည်သူများသည် ဒီဇင်ဘာ ၂၃ ရက်ညပိုင်းတွင် တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်ရှေ့၌ စုဝေးဆန္ဒပြမှုကျင်းပ၍ ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောဆိုချက်ကို ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်အိမ်တော် လုံခြုံရေးမူဝါဒအား တာဝန်ယူရသည့် အရာရှိ၏ “နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး” ပြောဆိုချက်ကို ဝေဖန်ခဲ့ကြသည်။...
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပသော လုံခြုံရေးကောင်စီ၏ ကာရေဘီယံဒေသအခြေအနေဆိုင်ရာ အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ အမေရိကန်အနေဖြင့် ဗင်နီဇွဲလားအား ဦးတည်သော လုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ကာလတစ်ခုအကြာ အမေရိကန်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရေးကို...
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဆန်းတို့စ်တိုက်စစ်မှူး နေမာသည် ၎င်း၏ဘယ်ဘက်ဒူး အရိုးနုစုတ်ပြဲဒဏ်ရာ ပြုပြင်ရန်အတွက် အောင်မြင်သည့် ခွဲစိတ်ကုသမှုကို ခံယူခဲ့ကြောင်း ဘရာဇီးစီးရီးအေကလပ်အသင်း ဆန်းတို့စ်က ဒီဇင်ဘာ ၂၂ ရက်၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါအရိုးနုခွဲစိတ်ကုသမှုကို ဘရာဇီးအသင်းဆရာဝန် ရိုဒရီဂို လက်စ်မာက နိုင်ငံတောင်ပိုင်း ဘီလို ဟော်ရီဇွန်တီမြို့ရှိ...
စိန်ရန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စိန်ရန်မြို့တွင် မိဘများက ၎င်းတို့၏ ကလေး ကျောင်းသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိစေရန်အတွက် ဒရုန်းတစ်စင်းကို အသုံးပြုခဲ့ကြသည်။ (Xinhua) …………………………………….. (English Version) Drone “escorts” child to school in NE...
စီချွမ်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်ရှေးဟောင်းသုတေသနပညာရှင်များက ချင်းဟိုင်-ရှီးဇန့်ကုန်းပြင်မြင့် အရှေ့ပိုင်းတွင် မီတာ ၄,၃၀၀ ကျော် မြင့်မားသော တောင်ကုန်းပေါ်၌ ကျောက်ခေတ်ဦးနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယင်းနေရာက ယနေ့တိုင် ဒေသအတွင်း ရှေးဟောင်းလူသားများရှိနေခြင်း၏ အမြင့်မားဆုံး အထောက်အထားများကို ကိုယ်စားပြုဖော်ပြလျက်ရှိသည်။ (Xinhua) …………………………………….. (English Version)...
မက်ဒရစ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရီးရဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးတိုက်စစ်ကစားသမား အန်းဒရစ်ခ်မှာ ယခုနှစ်ဘောလုံးရာသီ ဒုတိယရာသီဝက်တွင် ပြင်သစ်လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းထံ အငှားဖြင့် ပြောင်းရွှေ့ကစားရန် ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၃ ရက်က အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။ လိုင်ယွန်အသင်းအနေဖြင့် အန်းဒရစ်ခ်အား အငှားဖြင့်ခေါ်ယူမှုအတွက် ရီးရဲလ်မက်ဒရစ်အား ယူရိုတစ်သန်းဝန်းကျင်...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အမျိုးသားလုံခြုံရေးဆိုင်ရာ အယူအဆကို အလွန်အကျွံ အသုံးချပြီး အခြေအမြစ်မရှိဘဲ ဖိနှိပ်ထားသော တရုတ်ကုမ္ပဏီများအား ခွဲခြားဆက်ဆံမှုစာရင်းများ ပြုလုပ်ခဲ့သည်ကို တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏...
ဆာကယ်ဝ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ် နယ်စပ်ကျေးရွာလေး၏ နံနက်ခင်းချိန်ခါသည် မူလက ကြက်တွန်သံ၊ ကျေးငှက်တို့၏ တေးသီသံနှင့် မော်တော်ဆိုင်ကယ်အင်ဂျင်သံများ ရောယှက်နေသည့်အချိန်ဖြစ်သော်လည်း ယနေ့အခါတွင်မူ အခြားအသံတစ်ခုဖြင့် လွှမ်းခြုံလျက်ရှိနေသည်။ မနီးမဝေးမှ ပေါ်ထွက်လာနေသည့် အမြောက်သံနှင့် သေနတ်သံများကကြောင့် ကျေးရွာသူကျေးရွာသားများက အချိန်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေပြီး အချိန်မရွေး...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) အနေဖြင့် ပါတီနှင့် နိုင်ငံအတွက် ကဏ္ဍစုံ လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုထိရောက်ကောင်းမွန်စွာ သယ်ပိုးကြရန်နှင့် တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုကို ပိုမိုအားဖြည့်ပံ့ပိုးကြရန် သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နှင့်...
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz ၏ ဂါဇာကမ်းမြောင်ဒေသ၌ အခြေချနေထိုင်ရန်နေရာ တည်ဆောက်မည်ဟူသော ပြောဆိုချက်သည် ဂါဇာဒေသ ငြိမ်းချမ်းရေး တွန်းအားပေးဖော်ဆောင်ရန် ကြိုးပမ်းမှုကို ထိခိုက်စေပြီး အာရပ်နိုင်ငံများက အစ္စရေးဘက်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့်ဆန္ဒအား လျော့နည်းသွားစေနိုင်ကြောင်း ထရမ့်အစိုးရက ပြောကြားသည်ဟု အစ္စရေးမီဒီယာက...