နန်ကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း စီးပွားရေးအားကောင်းရာ ကျန်းဆူးပြည်နယ်တွင် အလားတူရေအားလျှပ်စစ်စက်ရုံများတွင် ကမ္ဘာ့အမြင့်ဆုံးဆည်ဖြစ်သည့် ရေအားလျှပ်စစ်သိုလှောင်စက်ရုံကို အောက်တိုဘာ ၂၈ ရက်က စတင် လည်ပတ်ပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံဓာတ်အားလိုင်းကော်ပိုရေးရှင်း၏လက်အောက်ခံကုမ္ပဏီတစ်ခုက တည်ဆောက်ပြီး ကျွိရုန်မြို့တွင် တည်ရှိသည့်စက်ရုံသည် အပြည့်အဝလည်ပတ်မှုအတွက် စုစုပေါင်းတပ်ဆင်စွမ်းအင်ပမာဏ ၁.၃၅ ဂစ်ဂါဝပ်ရှိပြီး နှစ်စဥ်...
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန် အမျိုးသားတစ်ဦးသည် ဗီဇပြုပြင်ထားသော ဝက်ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးနောက် ၉ လနီးပါးအကြာတွင် ဝက်ကျောက်ကပ်၏ လုပ်ဆောင်ချက်များ ပျက်စီးသွားသဖြင့် ယင်းကျောက်ကပ်ကို ပြန်လည်ဖြုတ်ယူပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း ကုသမှုကို ပြန်လည်ခံယူနေရကြောင်း အမေရိကန်မီဒီယာများ၏ အောက်တိုဘာ ၂၇ ရက် သတင်းဖော်ပြချက်အရ...
ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးများသည် အာကာသစခန်းတွင် နေထိုင်စဉ်အတွင်း ကြွက်များပါဝင်သည့် ဂြိုဟ်ပတ်လမ်းအတွင်း သိပ္ပံနည်းကျစမ်းသပ်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) က အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။ ကြွက်လေးကောင် (အထီးနှစ်ကောင်နှင့် အမနှစ်ကောင်) ကို...
မနာမာ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲတွင် အောက်တိုဘာ ၂၈ ရက်က ရွှေတံဆိပ်ခြောက်ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဆုတံဆိပ်ဇယားတွင် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိသည်။ ရေကူးပြိုင်ပွဲများတွင် တရုတ်အားကစားသမားများသည် တစ်ရက်တာ ချန်ပီယံဆယ်ဆုအနက် လေးဆု အနိုင်ရရှိခဲ့သည်။ အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင်...
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထွန်းထွန်းနောင်တို့သည် အောက်တိုဘာ ၂၉ ရက်က ဗီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာ...
ဘူဆန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ရန် အောက်တိုဘာ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကို ရောက်ရှိခဲ့သည်။...
ဂယောင်းဂျူ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် အောက်တိုဘာ ၂၉ ရက်တွင် တွေ့ဆုံ၍ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး ခိုင်မြဲစေရေး စသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် လီဂျေမြောင်က...
ဘူဆန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံသို့ ဒေသစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီး ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယားနိုင်ငံ) သမ္မတ လီဂျေမြောင်၏ ဖိတ်ကြားချက်အရ (၃၂) ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၉၇၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၃၀.၁၀.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ရေထွက်ကုန်ပစ္စည်း တန်ချိန် ၁၉၀,၅၆၇ ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော် နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ဆင်ဟွာသို့ အောက်တိုဘာ ၂၉ ရက်တွင် ပြောသည်။...