သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၉၈၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၂၂.၉.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်ပြည့်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ် အနုပညာဖျော်ဖြေရေးပွဲကို စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။...
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လက်ရှိဖြစ်ပွားနေသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ သဘောထားရပ်တည်ချက်အား မော်ရိုကိုနိုင်ငံခြားရေးဝန်ကြီး နက်ဆာ ဘူရီတာနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံဆွေးနွေးစဉ်အတွင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်...
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လက်မှုပညာ ကျွမ်းကျင်မှု၊ မျက်စိရှင်ရှင်ရှိမှုဖြင့် ဝါးကို အနုစိတ်ဒီဇိုင်းလုပ်ပုံဖော်နေသည့် အသက် ၂၁ နှစ်အရွယ်ရှိသော ကိုဇင်မင်းထိုက်သည် ရာစုနှစ်များစွာ သက်တမ်းရှိသော အရာဖြစ်သည့် ဝါးကို အသုံးပြု၍ တိုးတက်ခေတ်မီသော အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ လွန်ထိုင်ခရိုင်တွင် ဂေဟဗေဒအကျိုးပြု ရေပေးဝေမှုစနစ်က သဲသောင်ခုံများအား ဧရာမဆင်ကြီးတစ်ကောင် ရေသောက်နေသည့် အသွင်သဏ္ဌာန် ထူးခြားအံ့ဩဖွယ် သဘာဝမြေမျက်နှာသွင်ပြင်အဖြစ် ဖန်တီးပုံဖော်ပေးလျက်ရှိသည်။ (Xinhua) ——————————- (English Version) Ecological water conveyance creates “elephant-shaped” landform in China’s Xinjiang...
တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသတွင် အာဂ မြင်းထိန်းအမျိုးသမီးက ခွန်အား၊ တင့်တယ်မှုတို့နှင့်အတူ ကျွမ်းကျင်သေသပ်စွာဖြင့် မြင်းအား ကြိုးကွင်းပစ်၍ဖမ်းပြနေပုံကို ဤရုပ်သံဖိုင်၌ ကြည့်ရှုခံစားနိုင်ပါသည်။ (Xinhua) ………………………………………………………………………………………………………… (English Version) Herdswoman showcases flawless lassoing skills in Inner Mongolia, China STORYLINE: This...
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကမ်းနားဒေသတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ပေါင်းစည်းရေးညီလာခံတွင် Ant Group ၏ R1 စားဖိုမှူးစက်ရုပ်သည် လူအများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ ၎င်းစက်ရုပ်သည် လူသားတို့၏ အကူအညီမပါဘဲ အစားအစာချက်ပြုတ်ခြင်း၊ ပန်းကန်ဆေးခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းများကိုပါ စွမ်းဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)...
ကိုင်ရို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံဝန်ကြီးချုပ် မိုစတာဖာ မက်ဘူလီသည် တရုတ်နှင့် တူကီယဲ ရင်းနှီးမြှပ်နှံသူများက တည်ဆောက်ခဲ့သော စက်ရုံများအပါအဝင် စူးအက်တူးမြောင်းစီးပွားရေးဇုန် (SCZone ) အတွင်းရှိ ဖွံ့ဖြိုး တိုးတက်မှုနှင့် စက်မှုလုပ်ငန်းစီမံကိန်းသစ်များကို စက်တင်ဘာ ၂၀ ရက်က တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း အီဂျစ်အစိုးရ၏ထုတ်ပြန်ကြေညာချက်တစ်ခုအရသိရသည်။
ဟဲဖေး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော်ဟဲဖေး၌ ကျင်းပခဲ့သော ကမ္ဘာ့ကုန်ထုတ် လုပ်မှုဆိုင်ရာညီလာခံတွင် ၂၀၂၅ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်ထုတ်လုပ်မှုလုပ်ငန်း ၅၀၀ စာရင်းကို စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
မက်ဒရစ်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရီးရဲလ်မက်ဒရစ်နှင့် အက်စပန်ညိုတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ရာသီသစ် စတင်ချိန်၌ ငါးပွဲကစားရာတွင် ငါးပွဲစလုံး အနိုင်ရရှိထားသည်။