အမ်မန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် ပြည်ပရောက်ဂျော်ဒန်နိုင်ငံသားရေးရာဝန်ကြီးဌာန ဝန်ကြီး Ayman Safadi ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ဂျော်ဒန်နိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့ကြောင်း...
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းမည်ဟု ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့ပြီး အစိုးရအဖွဲ့ဝင်အသစ်များ၏ ခန့်အပ်မှုအစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။
မက်ဒရစ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) စပိန်ဒုတိယတန်းအသင်း ဗယ်လာဒိုးလစ်နှင့် သဘောတူညီမှုရရှိပြီးနောက် ရီးရဲလ် အိုဗီဒိုအသင်းက ဥရုဂွေးနည်းပြ ဂွီလာမို အယ်လ်မာဒါကို ခန့်အပ်လိုက်သည်။ အယ်လ်မာဒါက ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုဂရမ်ကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဒီဇင်ဘာ ၁၆ ရက် သတင်းထုတ်ပြန်ချက်အရ...
– ရှီက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးထံမှ အစီရင်ခံစာ ကြားနာ – ရှီက မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးထံမှ အစီရင်ခံစာ ကြားနာ – ပြည်ဝင်ခွင့်ကန့်သတ်ထားသော နိုင်ငံများစာရင်းကို ထရမ့်အစိုးရ တိုးချဲ့ – ဘွန်ဒီကမ်းခြေတိုက်ခိုက်သူ၏ ကားထဲတွင် အိုင်အက်စ်အလံများနှင့် ပေါက်ကွဲစေသောပစ္စည်းများ တွေ့ရှိဟု ရဲတပ်ဖွဲ့ ပြော –...
နယူးယောက်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) စားသောက်ကုန်၊ စက်မှုလုပ်ငန်းထုတ်ကုန် စံနှုန်းနှင့် ဒစ်ဂျစ်တယ်ကြီးကြပ်မှုကဏ္ဍ၌ ဗြိတိန်၏မူဝါဒများအပေါ် မကျေနပ်သဖြင့် အမေရိကန်က ယခုနှစ် စက်တင်ဘာလတွင် ဗြိတိန်နှင့် ရရှိထားသည့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ခု အကောင်အထည်ဖော်မှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်ဟု အမေရိကန် မီဒီယာများစွာက သတင်းဖော်ပြသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၁၆ ရက်ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ကျုံးနန်ဟိုင် ရင်ထိုင်ခန်းမ၌ ပေကျင်းမြို့သို့လာရောက်၍ လုပ်ငန်းအစီရင်ခံတင်ပြသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းအား တွေ့ဆုံခဲ့ပြီး ၎င်းက ဟောင်ကောင်ဒေသ၏ လက်ရှိအခြေအနေနှင့် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ လုပ်ငန်းအခြေအနေနှင့်စပ်လျဉ်း၍...
ဟားအယ်ပင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဒီဇင်ဘာလ စတင်သည့်အချိန်မှစ၍ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့သည် ဆောင်းရာသီ ခရီးသွားကာလသို့ ဝင်ရောက်ခဲ့ရာ ဗဟိုလမ်းမကြီးထက်တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ချဲလ်ဆီးနှင့် ပီအက်စ်ဂျီ နောက်ခံလူဟောင်း သီယာဂို ဆေးလ်ဗားအနေဖြင့် ဖလူမင်နိစ်အသင်းမှ ထွက်ခွာကာ ဥရောပတွင် ဘောလုံးဆက်ကစားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဘရာဇီးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ်၌ မီဒီယာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အားပေးခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။