မော်စကို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်း၏ ဆွေးနွေးညှိနှိုင်းမှုသည် ရပ်တန့်ထားပြီဖြစ်ကြောင်း၊ ပိုလန်က ရုရှားနှင့် ဘီလာရုစ်၏ စစ်ရေးလေ့ကျင့်မှုကြောင့် နယ်စပ်ကိုပိတ်ခြင်းသည့် “ခံစားချက်ဖြင့် အတိုင်းထက်အလွန်တုံ့ပြန်ခြင်း” ဖြစ်သည်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က စက်တင်ဘာ ၁၂ ရက်တွင်...
ဟောင်ကောင်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၁၀ ကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာ ၁၀ ရက်က ဖွင့်လှစ်ကျင်းပခဲ့ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများနှင့် ဒေသများမှ အဓိက တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးနယ်ပယ်မှ ဦးဆောင်သူများ တက်ရောက်ခဲ့ကြပြီး...
တိုကျို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ အသက် ၁၀၀ နှစ်နှင့် အထက်လူဦးရေစာရင်းသည် ၅၅ နှစ်ဆက်တိုက်မြင့်တက်လာခဲ့ပြီး စံချိန်သစ်အဖြစ် ၉၉,၇၆၃ ဦး ရှိလာကြောင်း၊ ယမန်နှစ်ကထက် ၄,၆၄၄ ဦး ပိုများလာခဲ့ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ အချက်အလက်များအရ သိရသည်။ ဂျပန်နိုင်ငံတွင် လူဦးရေ ၁၀၀,၀၀၀...
ဘာလင်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အသင်း၏ ကွင်းလယ်ကို အားဖြည့်သည့်အနေဖြင့် ဝါရင့် ဒိန်းမတ်ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင်ကို ခေါ်ယူလိုက်ကြောင်း ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်အသင်းက စက်တင်ဘာ ၁၀ ရက် ညနေခင်းက ကြေညာခဲ့သည်။ အသက် ၃၃ နှစ်အရွယ် အဲရစ်ဆင်မှာ ပြီးခဲ့သည့် ရာသီကုန်၌...
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၏တရားသူကြီးချုပ်ဟောင်း စူရှီလာကာကီသည် ကေပီရှာမားအိုလီ၏ စက်တင်ဘာ ၉ ရက် နုတ်ထွက်မှုအပြီး ကြားဖြတ်အစိုးရဝန်ကြီးချုပ်အဖြစ် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါရာထူးကို ကာကီအား သမ္မတ ရန်ချန်ဒရာက ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတ၊ နိုင်ငံခြားသံတမန်များနှင့်...
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်း ဝိုက်ကောင်းချောင်ဆိပ်ကမ်းဧရိယာသည် ရှန်ဟိုင်းဆိပ်ကမ်း၏ မော်တော်ကား တင်ပို့မှုနှင့် တင်သွင်းမှုအရေအတွက် အများဆုံးဆိပ်ကမ်းဖြစ်ပြီး အဆိုပါဆိပ်ကမ်းဧရိယာ၏ ဝိုက်ကောင်းချောင် ဟိုင်ထုန်းဆိပ်ကမ်းဂိတ်သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ အကြီးဆုံး တစ်ခုတည်းသော တိုက်ရိုက်ကားကုန်တင်ကုန်ချပြုလုပ်နိုင်သည့် (Vehicle Roll-on/Roll-off terminal) ဆိပ်ကမ်းဖြစ်သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကာတာအား အစ္စရေးတိုက်ခိုက်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၁၁ ရက်တွင် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
ဒူဘိုင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် အသိပညာဖလှယ်မှု အားကောင်းစေရန် တရုတ်တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ယူအေအီးနိုင်ငံမှ ကျောင်းသားများကို စုစည်းရန် ရည်ရွယ်၍ တရုတ်နိုင်ငံတွင် လူငယ်ကောင်စီကို ထူထောင်မည်ဖြစ်ကြောင်း သိရသည်။ ပေကျင်းတွင် နိုဝင်ဘာလ၌ စတင်ထူထောင်မည့် အဆိုပါကောင်စီသည်...
အက်ခရာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပထမဆုံး တရုတ်-ဆီရာလီယွန် “ပထမဆုံးတွေ့မြင်သူ” အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုစင်တာကို စက်တင်ဘာ ၁၀ ရက်တွင် ဆီရာလီယွန်နိုင်ငံ မြို့တော်ဖရီးတောင်းရှိ တရုတ်-ဆီရာလီယွန် ချစ်ကြည်ရေးဆေးရုံ၌ တရားဝင်စတင်အသုံးပြုခဲ့သည်။ အဆိုပါစီမံကိန်းသည် ဒေသတွင်း အရေးပေါ်တုံ့ပြန်မှု စွမ်းရည်အား စနစ်တကျမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။
မွန်တီနီဂရိုး၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဥရုဂွေး ဘောလုံးအသင်းသည် ၂၀၂၆ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် မက္ကဆီကို၊ အမေရိကန် ဘောလုံးအသင်းများနှင့် နိုဝင်ဘာလတွင် ချစ်ကြည်ရေးဘောလုံးပွဲများ ကစားမည် ဖြစ်ကြောင်း ဥရုဂွေးဘောလုံးအဖွဲ့ချုပ်(AUF) က စက်တင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။ ဥရုဂွေးလက်ရွေးစဥ်ဘောလုံးအသင်း Celeste...