မက်ဒရစ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အက်သလက်တီကိုမက်ဒရစ်အသင်းသည် ၎င်းတို့အသင်းသို့ စီးရီးအေချန်ပီယံ နာပိုလီအသင်းမှ အီတလီလက်ရွေးစင် ရှေ့တန်းကစားသမား ရက်စ်ပါဒိုရီ ရောက်ရှိလာပြီဖြစ်ကြောင်း အတည်ပြုချက်ဖြင့် စပိန် လာလီဂါရာသီသစ်မတိုင်မီ သတ္တမမြောက် ကစားသမားခေါ်ယူမှုကိုပြုလုပ်လိုက်ပြီဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ကစားသမား ရက်စ်ပါဒိုရီသည် ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ...
မက်ဒရစ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) ကွင်းလယ်ကစားသမား အက်ဒွါဒို ကာမာဗင်ဂါမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီအစပိုင်း ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုကြေညာခဲ့ရာ အသင်းအနေဖြင့် လာလီဂါ ရာသီသစ်မတိုင်မီ ဒဏ်ရာပြဿနာနှင့် စတင်ရင်ဆိုင်နေရပြီဖြစ်သည်။ “ရီးရဲလ်မက်ဒရစ် ဆေးအဖွဲ့က အက်ဒွါဒို ကာမာဗင်ဂါကို စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကစားသမားဟာ...
– တရုတ်နိုင်ငံ သမ္မတ ရှီနှင့် ဘရာဇီးနိုင်ငံ သမ္မတ လူလာတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး – တရုတ်နိုင်ငံက လူပုံစံတူစက်ရုပ် ဆန်းသစ်တီထွင်မှု၊ စီးပွားဖြစ်အသုံးပြုမှုအတွက် တစ်ဆင့်တိုးဆောင်ရွက်ရန်အသင့်ရှိ – တရုတ်နိုင်ငံတစ်ဝန်း နွေရာသီအားလပ်ရက်အား ပျော်ရွှင်စွာခံစားလျက်ရှိ – ဂါဇာတွင် ပါလက်စတိုင်းသတင်းထောက်များ သေဆုံးမှုအပေါ် ကုလသမဂ္ဂ အကြီးအကဲ ရှုတ်ချ...
ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) ပေကျင်းစံတော်ချိန် ဩဂုတ် ၁၁ ရက် နံနက်အစောပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် Al Jazeera ရုပ်မြင်သံကြားလိုင်းမှ သတင်းထောက် ၅ ဦး သေဆုံးခဲ့ရရာ တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခအတွင်း ကံမကောင်းစွာ သေဆုံးခဲ့သော သတင်းထောက်များအတွက် ဝမ်းနည်းပူဆွေးရကြောင်း၊ သတင်းထောက်အပေါ်...
တီဟီရန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် အပြန်အလှန်အနေဖြင့် မိမိတို့၏ နျူကလီးယား အစီအစဉ်အပေါ် ကန့်သတ်ချက်အချို့ကို လက်သင့်ခံရန် အသင့်ရှိသော်လည်း ယူရေနီယမ် သန့်စင်မှုအား အလုံးစုံရပ်ဆိုင်းရေးမှာ ဆွေးနွေးညှိနှိုင်းစရာမဟုတ်ဟု မှတ်ယူထားကြောင်း အီရန် အကြီးတန်းသံတမန်တစ်ဦးက မကြာသေးမီက ပြောကြားခဲ့သည်။ “ယူရေနီယမ်သန့်စင်တဲ့ ပမာဏနဲ့...
ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် “တရုတ်-အမေရိကန် စတော့ဟုမ်း ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးပွဲ ပူးတွဲကြေညာချက်” ကို ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်က တရုတ်ကုန်စည်ပစ္စည်း (ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ကုန်ပစ္စည်းများ အပါအဝင်)...
ကိုလံဘို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက် ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့ (MMA) က ၂၀၂၅ခုနှစ်တွင် ခရီးသွားဧည့်သည် ရောက်ရှိမှု စံချိန်တင်အဖြစ် ၂.၃ သန်းရောက်ရှိရန် ပြင်ဆင်ခန့်မှန်းထားကြောင်း နိုင်ငံပိုင် PSM သတင်းဌာနက သြဂုတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ မေလတွင် ခရီးသွားဧည့်သည် ၂.၂...
ဟနွိုင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအစိုးရသည် ခရီးသွားလုပ်ငန်းရည်ရွယ်ချက်များအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအား ၎င်းတို့၏ နိုင်ငံကူးလက်မှတ် အမျိုးအစားများ မည်သို့ပင်ဖြစ်စေကာမူ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ဗီယက်နမ်နိုင်ငံသို့ ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက သြဂုတ် ၁၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ အဆိုပါပဏာမခြေလှမ်းသည်...
ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာတီမာ ပူတင်တို့မှာ ယူကရိန်း၌ ဖြစ်နိုင်ဖွယ်ရှိသော အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရန် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ဩဂုတ် ၁၅ ရက်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံး...
လျိုကျိုး (ကွမ်ရှီး)၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဟယ်ချီမြို့ လောချိန် မုလောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မြန်ဟွားထျန်းခန်းရှုခင်းသာရှိ ချောက်ကမ်းပါးစာအုပ်ဆိုင်ကို ၂၀၂၅ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့သည်။ စာအုပ်ဆိုင်၏ တစ်မူထူးခြားသည့် ဗိသုကာအဆောက်အဦ ဒီဇိုင်းနှင့် စာဖတ်ရသည့်ခံစားမှုများကြောင့် ခရီးသွားဧည့်သည်နှင့် စာဖတ်သူအများအပြားကို ဆွဲဆောင်လျက်ရှိရာ...