ကုလသမဂ္ဂ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ယူကရိန်းထံ လက်နက်ပံ့ပိုးမှုပြဿနာနှင့်စပ်လျဉ်း၍ ဇူလိုင် ၃၁ ရက် လုံခြုံရေးကောင်စီ၌ စိစစ်ဆွေးနွေးရာတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က တရုတ်နိုင်ငံအပေါ် အမေရိကန်ကိုယ်စားလှယ်၏ ပြစ်တင်ပြောဆိုမှုများကို ချေပပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုရာတွင် ကိန်းစွမ်က အမေရိကန်ကိုယ်စားလှယ်၏ ပြောကြားမှုတွင် မမှန်ကန်သော...
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်ရှိ စီးကျစ်ယန် မဟာတံတားကြီးမှာ ရက်ပေါင်း ၄၇၀ အတွင်း အထပ် ၅၀ အဆောက်အဦတစ်လုံး၏ အမြင့်ဖြစ်သော ၁၇၁ မီတာအထိ ရှိလာခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ အံ့မခန်း အင်ဂျင်နီယာအစွမ်းကြောင့် အဆိုပါ တံတားကြီး၏ ပင်မ ခန်းဖွင့်အကွာအဝေးမှာ ၂,၁၈၀ မီတာ ရှိလာမည်ဖြစ်ကာ ပုလဲမြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက်...
ဗျူနိုအေးရိစ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲကို ဩဂုတ် ၈ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲသည် “အလွန်ကောင်းတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ချိန်တူးမြို့သို့ သွားရောက်၍ ပြိုင်ပွဲဝင်မည့်...
ဂျေရုဆလမ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုသည် ဇူလိုင် ၃၁ ရက်တွင် ခရီးစဉ်ရောက်ရှိလျက်ရှိသည့် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် အစ္စရေးမီဒီယာများက အစ္စရေးအနေဖြင့် ဂါဇာဒေသ အပစ်ရပ်မှု ညှိနှိုင်းဆွေးနွေးရေး ပျက်သုဉ်းလုနီးပါးဖြစ်နေသည်ဟု ယူဆကြောင်း၊...
ထျန်းကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) အသက် ၁၉ နှစ်အရွယ်ရှိ Muhammad Mohsin သည် ပါကစ္စတန် ပညာတော်သင် ကျောင်းသားတစ်ဦးဖြစ်ပြီး အဓိကအားဖြင့် လျှပ်စစ်အလိုအလျောက်စနစ် နည်းပညာ အထူးပြုဘာသာရပ်အား လေ့လာသင်ယူလျက်ရှိသည်။ ၎င်းအမြင်တွင် တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် “အနာဂတ်မှာ နေထိုင်နေရသည့်” အလားပင်။ ၂၀၁၈...
လန်ဒန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်လာသည့် ဆန်းဒါးလန်းအသင်းက ရာသီကြိုပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး လေဗာကူဆင်အသင်းမှ ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်လူ ဂရာနစ် ရှာကာကိုလည်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အသက် ၃၂ နှစ်အရွယ် ရှာကာမှာ ၂၀၂၄ ခုနှစ်က လေဗာကူဆင်အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်ဖလားတို့ကို...
ဆိုးလ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်းက တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း အသင်း၏ နောက်ခံလူ ဂျူးစ်ခွန်ဒဲက ၎င်းအနေဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ စာချုပ်သက်တမ်းတိုးရန် အရာအားလုံးကို အပြီးသတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း အသင်း၏ အာရှခြေစမ်းခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိနေစဉ်...
လန်ဒန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား လူးဝစ်စ် ဒီယက်ဇ်မှာ လီဗာပူးလ်အသင်းနှင့်အတူ သုံးနှစ်ခွဲကြာ ဖြတ်သန်းမှုကို အဆုံးသတ်ကာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့မှု ပြီးမြောက်သွားပြီဖြစ်ကြောင်း သိရသည်။ “ကိုလံဘီယာကစားသမားဟာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ပေါ်တိုအသင်းကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့ပြီး အဓိကအားဖြင့် ပြီးခဲ့တဲ့ရာသီက...
မော်စကို၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုတိရစ္ဆာန်ဥယျာဉ်က ဇူလိုင် ၃၁ ရက်တွင် ရုရှားနိုင်ငံရောက် ပန်ဒါဝက်ဝံကြီး “ရူယိ” အသက် ၉ နှစ်ပြည့်အတွက် မွေးနေ့ပွဲအခမ်းအနား ကျင်းပပေးခဲ့ကြောင်း သိရသည်။ (Xinhua) ——————– (Chinese Version) 莫斯科动物园为旅俄大熊猫“如意”庆生 新华社照片,莫斯科,2025年8月1日 当日,莫斯科动物园举行活动,为旅俄大熊猫“如意”庆祝9岁生日。...
ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုအား တစ်ဆင့်တိုး နက်ရှိုင်းစေခြင်းဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းသော ရလဒ်များစွာ ရရှိမှုအတွက် ကြိုးပမ်းသွားရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရာ့တုန်းက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် နှစ်ဖက်သည်...