ချုံချင့်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၊ ဝူးဆန်း ခရိုင်တွင် စက်ရုပ်ခွေးလေးများနှင့် ဒရုန်းများက ဆီးသီးများကို တောင်ပေါ်များမှ သယ်ယူပို့ဆောင်ကာ နိုင်ငံတစ်ဝန်းတွင် ရောင်းချရန်အတွက် အကူအညီပေးလျက်ရှိသည်။ (Xinhua) …………………………………….. (English Version) Robot dogs, drones help...
ပေါင် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ဝါဆိုလပြည့်နေ့၌ ခလောက်အင်းရေတံခွန်သို့ လာရောက် လည်ပတ်သူများဖြင့်စည်ကားလျက်ရှိသည်။၎င်းရုပ်သံဖိုင်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်ကရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua) #ဝါဆိုလပြည့်နေ့ #ခလောက်အင်းရေတံခွန် #ပေါင်မြို့ #news
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ် အပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်မြတ်သို့ လာရောက်ကြသည့်...
ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်သိပ္ပံအကယ်ဒမီ (CAS) က Chang’e-6 လကမ္ဘာ နမူနာပစ္စည်းများ သုတေသနရလဒ်အား ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့ရာ အဓိကသုတေသနပြုလုပ်မှုရလဒ် လေးရပ်ကို မျက်နှာဖုံးဆောင်းပါးပုံစံဖြင့် ပညာရပ်ပိုင်းဆိုင်ရာ နိုင်ငံတကာ ဂျာနယ်ဖြစ်သည့် “Nature” တွင် ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့အနေဖြင့် ပင်လယ်နီရေပြင် ရေကြောင်းဘေးကင်းလုံခြုံမှုအား ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဇူလိုင် ၉ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယီမင်အရေး တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၁၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးပွဲ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက ဆေးဝါးကဏ္ဍတွင် အခြေခံသုတေသနနှင့် နည်းပညာဆန်းသစ်တီထွင်မှု စွမ်းရည်များကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများ လိုအပ်ကြောင်း ဇူလိုင် ၁၀ ရက်တွင် အလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ လျိုသည် ပီကင်းတက္ကသိုလ်...
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) လော့စ်အိန်ဂျလိစ်မြို့၊ ဝီလ်မင်တန် (Wilmington) ဧရိယာတွင် ဇူလိုင် ၉ ရက် ညနေပိုင်း၌ ဥမင်လိုဏ်ခေါင်းပြိုကျပြီးနောက် ပိတ်မိနေသည့် အလုပ်သမား ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ပြောကြားခဲ့သည်။
လန်ဒန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ဇူလိုင် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဝင်ဘယ်ဒန်ဆုဖလား ခုနစ်ကြိမ်ရရှိထားသည့် နိုဗက် ဂျိုကိုဗစ်က အီတလီမှ ဖလာဗီယို ကိုဘိုလီအား အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ဆီမီးဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့်...
ရှီကျားကျွမ်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်းက ပြည်သူလူထုနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရေကြီးမှု ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ကျန်းသည်...