ထျန်းကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) နွေရာသီ ဒါဗို့စ်ဖိုရမ်ဟုလည်း လူသိများသော ချန်ပီယံသစ်များ၏ ၁၆ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး မျက်နှာစုံညီ အဖွင့်အစည်းအဝေးအား တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ဇွန် ၂၅ ရက်က ကျင်းပခဲ့သည်။ ထျန်းကျင်းမြို့တွင် ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ...
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိလာသည့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်နှင့် ဇွန် ၂၄ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လောရင့်စ်ဝေါင်အား ရွေးကောက်ပွဲ၌ အနိုင်ရ၍...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၈၉၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၂၆.၆.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်များကို ဇွန် ၂၃ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပီအက်စ်ဂျီ၊ ဘိုတာဖိုဂို၊ အင်တာမိုင်ယာမီနှင့် ပါလ်မီးရက်စ်အသင်းတို့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်မှာမူ ဂိုးကွာခြားချက်အရ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။ ပါဆာဒီနာမြို့ရှိ Rose Bowl အားကစားကွင်း၌ ပြင်းထန်သော အပူရှိန်အောက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အက်သလက်တီကိုနှင့် ဘိုတာဖိုဂိုအသင်းတို့၏...
အထိအတွေ့ကို အာရုံခံနိုင်ပြီး ကျွမ်းကျင်လျင်မြန်စွာ လုပ်ဆောင်နိုင်သော ဘက်စုံသုံးစက်ရုပ်လက်မှာ တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသော ၂၀၂၅ ခုနှစ် နွေရာသီ ဒါဗို့စ်ဖိုရမ်၏ ထျန်းကျင်းပြပွဲဧရိယာ၌ ကမ္ဘာတစ်ဝန်းမှ ဧည့်ပရိသတ်များကို ဆွဲဆောင်လျက်ရှိသည်။ အဆိုပါ စက်ရုပ်လက်မှာ ကုန်ပစ္စည်းများ အမျိုးအစားခွဲခြင်း၊ ပစ္စည်းအစိတ်အပိုင်းများ အတိအကျတပ်ဆင်ခြင်း၊ အိမ်မှုကိစ္စများ၊ လုပ်ငန်းခွင် အသုံးပြုနိုင်ခြေ...
— ကလပ်ကမ္ဘာ့ဖလားတွင် အော့ကလန်စီးတီးနှင့် ဘိုကာဂျူနီယာ သရေကျခဲ့ပြီး ချဲလ်ဆီး ၁၆ သင်းအဆင့်သို့ တက်ရောက် ဇွန် ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စု-C ပွဲစဉ်တွင် ဘင်ဖီကာက ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့ပြီး အော့ကလန်စီးတီးကလည်း ဘိုကာဂျူနီယာကို ၁-၁...
ဂျေရုဆလမ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) အစ္စရေးအစိုးရက နိုင်ငံတစ်ဝန်း အရေးပေါ် ကန့်သတ်ချက်များကို ဇွန် ၂၄ ရက် ညနေခင်းက ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် သီတင်းနှစ်ပတ်နီးပါးကြာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားမှုကို အဆုံးသတ်ခဲ့သည့် ထိရှလွယ်သော အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာပြီးနောက် ပုံမှန်အခြေအနေသို့ သတိဖြင့် ပြန်လည်ဦးတည်နေသည်ကို...
ဟန်ကျိုး၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) မကြာသေးမီရက်များတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှီးဟူရေကန်ရှိ ကြာပန်းများသည် ပွင့်လန်းသည့်ကာလသို့ ရောက်ရှိပြီဖြစ်သည်။ ရှီးဟူရေကန်၏ ရေပြင်တွင် ကြာပန်းနေရာ ၂၄ ခုရှိရာ စုစုပေါင်းဧရိယာ တရုတ်မူ ၁၅၀ ခန့်ရှိပြီး ပန်းပွင့်သည့်ကာလမှာ စက်တင်ဘာလဆန်းအထိ ကြာရှည်မည်ဖြစ်သည်။ (Xinhua)...
နန်နင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်-ဗီယက်နမ် နယ်စပ်ရှိ တယ်ထျန်း-ဘမ်ဇော့ ရေတံခွန်သည် အာရှတွင် အကြီးဆုံး နယ်စပ်ဖြတ်ကျော် ရေတံခွန်ကြီးဖြစ်သည်။ အဆိုပါရေတံခွန်သည် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပို၍ရင်သပ်ရှုမောဖွယ်ကောင်းစွာ ရေများတစ်ဟုန်ထိုးစီးဆင်းနေပုံကို ဤရုပ်သံဖိုင်တွင်ကြည့်ရှုနိုင်ပါသည်။ (Xinhua) ……………………. (English Version) Asia’s biggest cross-border waterfall...
ကုလသမဂ္ဂ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေး နိုင်ငံရေးအရ ဖြေရှင်းသည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးအား နိုင်ငံတကာ အသိုင်းအဝိုင်းက တွန်းအားပေးရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက လုံခြုံရေးကောင်စီ၏ အီရန် နျူကလီးယားအရေး တံခါးဖွင့်အစည်းအဝေးတွင် ဇွန် ၂၄ ရက်က ပြောကြားခဲ့သည်။...