တာ့ခ်မင်နစ္စတန်နိုင်ငံသည် ဗဟိုအာရှအနောက်တောင်ပိုင်းတွင်တည်ရှိသော ကုန်းတွင်းနိုင်ငံတစ်ခုဖြစ်ရာ မြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတွင် ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသလို အနောက်ဘက်တွင် ကက်စပီယန် (Caspian) ပင်လယ်နှင့်ထိစပ်လျက်ရှိပြီး ကက်စပီယန်ပင်လယ်တစ်ဖက်က အဇာဘိုင်ဂျန်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့်မျက်နှာမူလျက်ရှိသည်။ တောင်ဘက်တွင် အီရန်၊ အရှေ့တောင်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မြို့တော်မှာ အရှာဂါဘတ် ဖြစ်သည်။ တာ့ခ်မင်နစ္စတန်နိုင်ငံ ဧရိယာမှာ ၄၉၁,၂၀၀ စတုရန်းကီလိုမီတာရှိပြီး...
ဝူးလူမုချီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တာ့ခ်မင်နစ္စတန်နိုင်ငံမှ အက်တာဇန်နော့ဗ် ဆာဒိုဘတ်သည် ရှင်းကျန်း ဆေးတက္ကသိုလ်တွင် သွားဘက်ဆိုင်ရာ ဆေးပညာအထူးပြုဘာသာရပ်ဖြင့် ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံသို့ လာရောက်ပညာသင်ကြားခဲ့သူဖြစ်သည်။ ၎င်းသည် ဆရာဝန်အိပ်မက်ကို ဖော်ဆောင်ရန် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၌ မဟာဘွဲ့ပညာရပ်များ ဆက်လက်လေ့လာသင်ယူခဲ့ပြီး နှစ်များစွာအတွင်း ပညာသင်ဆုများစွာရရှိခဲ့သည်။ အားလပ်ချိန်များ၌...
ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်၊ ဟူပေပြည်နယ်၊ ဟူနန်ပြည်နယ်၊ ကွေ့ကျိုးပြည်နယ်နှင့် ချုံချင့်မြို့တို့တွင် မိုးသည်းထန်မှုများ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေအတွက် ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှု လျော့ပါးသက်သာရေးဗဟိုဌာနက အဆိုပါဒေသများ၌ ရေကြီးရေလျှံမှု အရေးပေါ်တုံ့ပြန်ရေး အဆင့်-၄ အစီအစဉ်ကို ဇွန်...
ဝါရှင်တန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အမေရိကန်စစ်တပ် အီရန်ကို တိုက်ခိုက်ရန်အစီအစဉ်အား ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ သို့သော် အီရန်အနေဖြင့် နျူကလီးယားစီမံကိန်းများကို စွန့်လွှတ်မည်/မစွန့်လွှတ်မည်ကို စောင့်ကြည့်ရန် လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ဇွန် ၁၇ ရက် ညပိုင်းက ၎င်း၏ အကြီးတန်းလက်ထောက်အား...
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်များ စုစည်းမှု စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ (Xinhua)
အက်စ်တာနာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးကို ကာဇက်စတန်နိုင်ငံ မြို့တော် အက်စ်တာနာတွင် ကျင်းပခဲ့သည်။ ယင်းမြို့၏ ဗဟိုဝင်ရိုးတစ်လျှောက်ရှိ ထူးခြားသော အထင်ကရအဆောက်အဦများကို တစ်ဆက်တည်းကြည့်ရှုကြရအောင်။ ၁။ အက်စ်တာနာ လွတ်လပ်ရေးရင်ပြင်ရှိ အမှတ်တရကျောက်တိုင် ၂။ ငြိမ်းချမ်းသင့်မြတ်ရေး နန်းတော် ၃။ ကာဇက်စတန်သမ္မတ...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၉၀၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၁၉.၆.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ချုံချင့်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်လူမျိုး လက်ဖက်ရည်ပညာရှင်တစ်ဦးက ဝါးချောင်းလေးတစ်ချောင်းအား အသုံးပြုကာ လက်ဖက်ရည်၏ မျက်နှာပြင်ပေါ်တွင် ရင်သပ်ရှုမောဖွယ် ပုံစံများဖန်တီးရေးဆွဲနေပုံကို ဤရုပ်သံဖိုင်တွင်ကြည့်ရှုနိုင်သည်။ ဤအနုပညာသည် ရှေးခေတ်တရုတ်ပြည်တွင် ထွန်းကားခဲ့သော အနုပညာရပ်ပင်ဖြစ်သည်။ (Xinhua) ………………………. (English Version) Traditional Chinese “latte art”...
တရုတ်နိုင်ငံအနေဖြင့် လူလိုက်ပါသော မျိုးဆက်သစ် အာကာသယာဉ် မုန့်ကျိုးအား ပင်လယ်ရေမျက်နှာပြင် သုညတွင် အရေးပေါ်ထွက်ပေါက်စနစ် စမ်းသပ်မှုကို ဇွန် ၁၇ ရက်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ရာ လူလိုက်ပါသော လကမ္ဘာစူးစမ်းလေ့လာရေး အစီအစဉ်အတွက် အရေးပါသော ရှေ့ပြေးခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ (Xinhua) ……………………….. (English Version) China’s new-generation...
လတ်တလော ထုတ်ပြန်ခဲ့သည့် WTA အဆင့်သတ်မှတ်ချက်အရ တရုတ်တင်းနစ်အကျော်အမော် ကျိန့်ချင်းဝန်မှာ ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးအဖြစ် ကမ္ဘာ့အဆင့်-၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ ပြီးခဲ့သည့် သီတင်းပတ်၌ ဝင်ဘယ်ဒန်ပြိုင်ပွဲအကြို အဓိက မြက်ခင်းကွင်းပြိုင်ပွဲဖြစ်သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲ၌ လက်စွမ်းပြနိုင်ခဲ့သည့်အတွက်...