ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်၏ ဖိတ်ကြားချက်အရ အက်စ်တာနာမြို့တွင် ဇွန် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက...
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက ကုန်သွယ်စီးပွားကဏ္ဍ ကုန်စည်ပြပွဲကို ဇွန် ၁၂ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် ရဝမ်ဒါငရုတ်သီးဖြင့် ပြုလုပ်ထားသည့် ငရုတ်အနှစ်တစ်မျိုးသည် အများ၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံရသည်။ အဆိုပါ...
နယူးယောက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) အီရန်နယ်နိမိတ်အတွင်းရှိ နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ်များကို အစ္စရေးက ဇွန် ၁၃ ရက်တွင် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ခြင်းအပေါ် နိုင်ငံအများအပြားက ယင်းလုပ်ရပ်သည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အရှေ့အလယ်ပိုင်းဒေသနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှု...
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မှောင်ရိပ်သန်းလာသည့်အခါ မြို့ပြသည်တဖြည်းဖြည်း “အိပ်မောကျ” လာချိန်တွင် တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟော့အယ်ကော်စစ်အမြန်လမ်း နယ်စပ်ဂိတ်၌ မီးအလင်းရောင်များ ဆက်လက်လင်းထိန်လျက်ရှိသည်။ တရုတ်နိုင်ငံထုတ် စွမ်းအင်သစ်မော်တော်ယာဉ်များသည် နိုင်ငံနယ်စပ်တံခါးမှ စနစ်တကျ ထွက်ခွာလာပြီး ပြည်ပကားဈေးကွက်ထဲသို့ ချီတက်လျက်ရှိကြသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်-ကာဇက်စတန်...
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ ဟွားကျန်းမဟာချောက်နက်တံတားမှ “ကြောင်သွားလမ်း” ဟု အမည်ပေးထားသော လျှောက်လမ်းကို မကြာမီက ဖယ်ရှားလိုက်ပြီဖြစ်သည်။ ဆောက်လုပ်ရေးလုပ်သားများ လမ်းကျဉ်းလေးပေါ်တွင် ကြောင်များကဲ့သို့ သွားလာနေခြင်းကို အစွဲပြုလျက် မြစ်ရေပြင်အထက် မီတာ ၈၀၀ အမြင့်၌ တွဲလောင်းကျနေသော ၂,၂၆၄ မီတာ ရှည်လျားသည့် အဆိုပါလျှောက်လမ်းအား ထိုကဲ့သို့ အမည်ပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)...
ကူမင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မြူအတိဖုံးလွှမ်းနေသော နံနက်ခင်းတစ်ခုတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တျန်းချီ ရေကန်၏ စိတ်ကူးယဉ်ဆန်သော ရှုမြင်ကွင်းကို ပျော်ရွှင်ဖွယ် ကြည့်ရှုခံစားနိုင်သည်။ တရုတ်မင်ဆေးပန်ချီကားတစ်ချပ်မှ တိုက်ရိုက်ထွက်ပေါ်လာသော မြင်ကွင်းတစ်ခုကဲ့သို့ ကြည်လင်နေသောရေပြင်ပေါ်တွင် ငှက်ကလေးများ ပျံဝဲလျက်ရှိသည်။ (Xinhua) …………………………………….. (English Version)...
ချိဖုန်း (အတွင်းမွန်ဂိုလီးယား)၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) နွေရက်များတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Ar Horqin Banner မြက်ခင်းပြင်မှာ စိမ်းလန်းစိုပြည်လျက်ရှိပြီး မွေးမြူရေးတိရစ္ဆာန်များသည် မြက်ခင်းပြင်တွင် ကျက်စားနေကြရာ သဟဇာတဖြစ်သော ဂေဟစနစ်ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်ပေါ်နေသည်။ (Xinhua) ……………………… (Chinese Version) 美丽中国|阿鲁科尔沁草原夏日景色 新华社照片,赤峰(内蒙古),2025年6月14日...
တိုကျို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်သည် အမိန့်ကြေညာချက်အား လက်မှတ်ရေးထိုး၍ Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို အကန့်အသတ်ဖြင့် “ခွင့်ပြု” လိုက်ပြီဖြစ်ကြောင်း Nippon Steel ကုမ္ပဏီနှင့် U.S. Steel ကုမ္ပဏီတို့က...
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယနိုင်ငံ သမ္မတ ဒရူပါဒီ မာမူနှင့် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ထံ Air India လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ဇွန် ၁၃ ရက်က အသီးသီးပေးပို့ခဲ့ကြောင်း...
ဖနွမ်းပင်/ဘန်ကောက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က ဇွန် ၁၃ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေပါက ကမ္ဘောဒီးယားဘက်က သက်ဆိုင်ရာ ရင်ဆိုင်မှုအစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဘက်က...