မေ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲပွဲစဉ်တွင် တရုတ်ကစားသမား ဝမ်ချူချင်းမှာ ဘက်တံမကောင်းသည့် ပြဿနာနှင့် ကြုံခဲ့ရသော်လည်း အသစ်လဲ၍ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယအဆင့် ပွဲစဉ်အား အသင်းဖော် စွန်းရင်ဆားနှင့်အတူ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည်။ တရုတ်ကစားသမားနှစ်ဦးအနေဖြင့် ဘရာဇီးအသင်းမှ ဟူဂို ကယ်ဒရာနို၊ ဘရူနာ တာဟာဟာရှိတို့နှင့်...
ဘရပ်ဆဲလ်၊ မေ ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပယ်ဖျက်ကြောင်း ဥရောပသမဂ္ဂကောင်စီက မေ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယခုသည် ဆီးရီးယားပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် “အားလုံးပါဝင်သော၊ ကဏ္ဍစုံလင်သော၊ ငြိမ်းချမ်းပြီး ပြင်ပ၏စွက်ဖက်မှု မခံရသော ဆီးရီးယားနိုင်ငံသစ်ကို ပြန်လည်တည်ဆောက်ရမည့် အချိန်အခါ” ဖြစ်ကြောင်း ကြေညာချက်တွင်...
ဂျေရုဆလမ်၊ မေ ၂၁ ရက် (ဆင်ဟွာ) ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါနိုင်ငံတို့၏ ဖိအားပေးမှုများ ရှိလင့်ကစား ဂါဇာကမ်းမြောင်ဒေသ၌ ဆင်နွှဲနေသော စစ်ဆင်ရေးသစ်အား ရပ်တန့်မည်မဟုတ်ဟု အစ္စရေးအစိုးရက မေ ၂၀ ရက်၌ ပြောကြားခဲ့သည်။ “အစ္စရေးဟာ အလုံးစုံအောင်ပွဲရတဲ့အထိ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ မိမိကိုယ်ကိုယ် ဆက်လက်ကာကွယ်သွားမှာပါ” ဟု...
ကျိန့်ကျိုး၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မေ ၁၉ ရက် ညနေပိုင်းက ဟဲနန်ပြည်နယ် လော့ယန်မြို့ရှိ Luoyang Bearing Group Co., Ltd. သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီ၏ စမတ်စက်ရုံသို့ ဝင်ရောက်၍ Bearing...
လော့စ်အိန်ဂျလိစ်၊ မေ ၂၁ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်သည် မေ ၂၀ ရက် ညနေပိုင်းတွင် အိမ်ဖြူတော်၌ “Golden Dome” အမည်ရ အာကာသအခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်အား ဖော်ဆောင်ရန် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစနစ်အစီအစဉ်သည် ၃ နှစ်အတွင်း “ဘက်စုံလည်ပတ်သွားမည်” ဟု...
တီဟီရန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ ယူရေနီယမ် သန့်စင်မှုနှင့် ပတ်သက်၍ ညှိနှိုင်းမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီက မေ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ထျန်းကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်၏ ပထမဆုံး ထျန်းကျင်းဆိပ်ကမ်းမှ ဟော့အယ်ကောစစ်ဂိတ်ကို ဖြတ်ကာ တာ့ရှ်ကန့်သို့ တိုက်ရိုက်ရောက်ရှိသည့် တရုတ်-အလယ်အာရှရထားတွဲသည် မေ ၂၀ ရက်တွင် တရုတ်နိုင်ငံ ထျန်းကျန်းဆိပ်ကမ်း ဝုကျယ် စန်းတွေးချန်ဘူတာမှ စတင်ထွက်ခွာခဲ့သည်။
ဝန်ချန်း၊ ဟိုင်နန်၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ကမ်းရိုးတန်းရှိ ဝန်ချန်းအာကာသယာဉ် လွှတ်တင်ရေးနေရာမှ ဆက်သွယ်ရေးဂြိုဟ်တုအသစ်တစ်စင်းကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ မေ ၂၀ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
ဖူကျိုး၊ မေ ၂၁ ရက် (ဆင်ဟွာ) နွေဦးအစတွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဝူရီဆန်းတောင်သည် တိမ်နှင့် မြူများ ဝန်းရံလျက်ရှိပြီး စမ်းချောင်းရေများ တသွင်သွင် စီးဆင်းလျက်ရှိသည်။ အနီရောင် တောင်တန်းများနှင့် စိမ်းပြာရောင် ရေများကြားရှိ စိမ်းလန်းစိုပြည်သော လက်ဖက်ခြံများတွင် လက်ဖက်တောင်သူများသည် ဝါးခြင်းတောင်းများလွယ်ကာ လတ်ဆတ်သော လက်ဖက်အညွန့်လေးများကို ညင်သာစွာခူးဆွတ်နေကြသည်။...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၇၃၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် ( ၂၁.၅.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate...