မက်ဒရစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါဘောလုံးပွဲစဉ်တွင် ဘာစီလိုနာက အက်သလက်တီကို မက်ဒရစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် လေးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယင်းမတိုင်မီတွင် “ထိုင်ဝမ်အရေးကိစ္စရှိခြင်း” သည် ဂျပန်နိုင်ငံ “သေရေးရှင်ရေးအကျပ်အတည်း အခြေအနေ” ဖြစ်ပေါ်စေနိုင်ကြောင်း ပြောင်ပြောင်တင်းတင်း ကြေညာခဲ့ပြီး ယင်းကို မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့် ကျင့်သုံးခြင်းနှင့် ဆက်စပ်ပြောကြားခဲ့သည်။
ဘာစီလိုနာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဆောင်းရာသီအတွင်း စပိန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ရွေးချယ်သည့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်အရေအတွက် တိုးပွားလာခြင်းသည် နိုင်ငံ၏ သမားရိုးကျခရီးသွားပြက္ခဒိန်ကို ပြန်လည်ပုံဖော်လာပြီး ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရှိန်အဟုန်သစ်များ ဖန်တီးပေးလျက်ရှိကြောင်း စပိန်ခရီးသွားလုပ်ငန်းအတွင်းလူများက ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက် ကာလအတွင်း တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် အစိုးရစာရွက်စာတမ်းတွင် ဖော်ပြထားသည်။
ချန်ချွမ်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းကားကုမ္ပဏီ FAW ဂရု(ပ်)က ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အထင်ကရ Hongqi အမှတ်တံဆိပ်ကားအစီးရေ ၄၂၀,၀၀၀ စီး ရောင်းချခဲ့ရပြီး ယမန်နှစ်အလားတူကာလကထက် ၉.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဒီဇင်ဘာ ၂...
ဟန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ၈၄၃ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်တစ်ခုကို ၁၆၈ နာရီကြာ ဝန်အပြည့်ဖြင့် စမ်းသပ်လည်ပတ်မှုအောင်မြင်ပြီးဆုံးပြီးနောက် ဓာတ်အားလိုင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် ချိတ်ဆက်လိုက်ပြီဖြစ်သည်။
နင်းပေါ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းတွင် ဒီဇင်ဘာ ၂ ရက်က အနီရောင်ကွန်တိန်နာတစ်လုံးကို ကွန်တိန်နာတင်သင်္ဘောပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်ရာ ၎င်းမှာ ပထမဆုံးအကြိမ် ယင်းဆိပ်ကမ်း၏ နှစ်စဉ်ကွန်တိန်နာကိုင်တွယ်ဆောင်ရွက်မှုအရေအတွက် သန်း ၄၀ ကျော်လွန်ခြင်း အထိမ်းအမှတ်ဖြစ်ခဲ့သည်။ အဆိုပါ နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းသည်...
ယိုအန်ဒီ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မကြာမီကျင်းပတော့မည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ (AFCON) အတွက် ၂၈ ဦးပါဝင်သည့် လက်ရွေးစင်အသင်း လူစာရင်းကို ကင်မရွန်းက ထုတ်ပြန်ကြေညာခဲ့သည်။ ကင်မရွန်းလက်ရွေးစင်အသင်း၏ တရားဝင်လူမှုကွန်ရက် X တွင် ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့မှုအရ ကင်မရွန်းအသင်းတွင် မျက်နှာသစ်ကစားသမားများဖြစ်သော အဲရစ်ဂျုနီယာဒီနာအက်ဘင်ဘီ၊...
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက် (ရန်ကုန်) တွင် ပြသထားသည့် ပြခန်းများ၏ မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။ ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့်...
ဟူးလွန်ပေ့အယ် (အတွင်းမွန်ဂိုလီးယား)၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဆောင်းရာသီအချိန်တွင် ဟူးလွန်ပေ့အယ် မြက်ခင်းပြင်ကြီးသည် ငွေရောင်ဝတ်စုံအတိ ခြုံလွှမ်းထားသည်။ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ ချန်ပါးအယ်ဟူချီအတွင်း၌ မော်အယ်ကယ်လဲ့မြစ်သည် ဆီးနှင်းပြင်ကြီးထက်တွင် ကွေ့ကွေ့ကောက်ကောက် ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မွန်ဂိုလူမျိုးတဲအိမ်လေးများဖြင့် အလှတန်ဆာဆင်ထားလျက်ရှိရာ ဆိတ်ငြိမ်အေးချမ်း၍ ခမ်းနားသော တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ပန်းချီကားချပ်ပမာ...