Videos
သီတင်းကျွတ်ရာသီစာဖြစ်သည့် မြန်မာ့ရိုးရာလက်လုပ်မီးအိမ်
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
ယခင်တုန်းက ကျေးလက်နှင့် မြို့ ပြများတွင် သီတင်းကျွတ်ကာလ ရောက်တိုင်း ဆီမီးထွန်းညှိမှုအနေဖြင့် ရိုးရာမီးအိမ်ကလေးများကို နေအိမ်များ၌ မြိုင်မြိုင်ဆိုင်ဆိုင် ချိတ်ဆွဲကာ အလှဆင်လေ့ရှိကြသည်။ လမ်းမထက်မှာလည်း ကလေးငယ်များ၏ ရောင်စုံအရုပ်မီးအိမ်များ တွန်းကာ ပြေးလွှားဆော့ကစားမှုများနှင့်အတူ သီတင်းကျွတ်ရသ စည်ကားသက်ဝင်လျက် ရှိခဲ့သည်။ ယခုနောက်ပိုင်း ကာလများ၌ ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် လက်လုပ်မီးအိမ်ဈေးကွက်မှာ ဝယ်လိုအား နည်းပါးလာပေမဲ့မြန်မာ့ရိုးရာ မီးအိမ်လုပ်ငန်းများမှာမူ အခက်အခဲများကြားကနေ ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)