Connect with us

Videos

ကဘူးလ်မြို့ရှိ အာဖဂန် ခိုကိုးရာမဲ့မိသားစု ၁,၀၀၀ စားနပ်ရိက္ခာအကူအညီများ ရရှိ

ကဘူးလ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

မိဘမဲ့နှင့် မသန်စွမ်း အများစုပါဝင်သော အာဖဂန် ခိုကိုးရာမဲ့မိသားစု ၁,၀၀၀ တို့သည် ကဘူးလ်မြို့၌ ဒေသခံပရဟိတအဖွဲ့တစ်ခုဖြစ်သော Bunyad-e-Qaria မှ အောက်တိုဘာ ၉ ရက်တွင် လှူဒါန်းသော စားနပ်ရိက္ခာများကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ ပေးလှူတဲ့ အကူအညီအထုပ်မှာ ဂျုံ ၅၀ ကီလိုဂရမ်တစ်အိတ်၊ သကြား၊ ပဲ၊ ဆန်၊ ဟင်းချက်ဆီ၊ စွန်ပလွံသီးနဲ့ ဆားတွေ ပါဝင်ပါတယ်။ ဒီမှာရှိတဲ့ မိသားစုတစ်စုချင်းစီကို ဖြန့်ဖြူးပေးသွားမှာပါ” ဟု ပရဟိတအဖွဲ့ တာဝန်ရှိသူ MUJUB RAHMAN MAHMOUDI က ပြောခဲ့သည်။

အာဖဂန်လူမျိုး ၂၂ သန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့် အထူးရင်ဆိုင်နေရသည်။

“ကျွန်တော်က ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူဖြစ်ပြီး နေစရာလည်း မရှိပါဘူး။ အကူအညီလေးရရှိဖို့ ဒီကိုလာတာပါ” ဟု ကဘူးလ်မြို့တွင် နေထိုင်သူ BAHRAM KHAN က ဆိုသည်။

စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံသည် ယမန်နှစ် ဩဂုတ်လက အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်းနှင့် အာဖဂန်နစ္စတန် ဗဟိုဘဏ်၏ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံခန့်ကို အမေရိကန်နိုင်ငံက ထိန်းချုပ်ထားပြီးနောက် ဘဏ်စနစ်မှာ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသဖြင့် အဆိုးဝါးဆုံး စီးပွားရေးကျပ်တည်းမှုနှင့် တွေ့ကြုံရင်ဆိုင်နေရခြင်းဖြစ်သည်။ (Xinhua)

———————-

1,000 Afghan destitute families receive food aid in Kabul
1,000 Afghan destitute families, mostly the orphaned and disabled, received food aid donated by a local charity, Bunyad-e-Qaria, in Kabul on Sunday.
SOUNDBITE 1 (Pashto): MUJUB RAHMAN MAHMOUDI, Charity official
“Today’s aid package includes a 50-kg bag of flour, sugar, peas, rice, cooking oil, dates and salt. We will distribute them to each family here.”
More than 22 million Afghans are reportedly facing acute food shortages and a humanitarian crisis.
SOUNDBITE 2 (Dari): BAHRAM KHAN, Resident of Kabul
“I’m an internally displaced person and have no shelter to live in. I came here to receive assistance.”
War-torn Afghanistan has been experiencing its worst economic crisis, as the banking system doesn’t operate normally following the withdrawal of the U.S. forces in August last year and the U.S. blocking of some 9.5 billion U.S. dollars assets of Afghanistan’s central bank.
Xinhua News Agency correspondents reporting from Kabul.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.