Connect with us

Local

မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ ရှာဖွေခွင့် သြစတြေးလျ ကုမ္ပဏီ ရရှိ

မြန်မာနိုင်ငံ မုတ္တမ ကမ်းလွန် လုပ်ကွက်ပြ မြေပုံ (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မုတ္တမ ကမ်းလွန် ဒေသတွင် သဘာဝ ဓာတ်ငွေ့ ရှာဖွေရန် ထုတ်လုပ်မှု မျှဝေရေး စာချုပ် အား သြစတြေးလျ ကုမ္ပဏီ တစ်ခုနှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် အစိုးရ ထုတ်ပြန်ချက် အရ သိရပါသည်။

သဘောတူညီချက် အရ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ သြစတြေးလျ Tap Oil လီမိတက်နှင့် မြန်မာပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သည့် Smart E & P International ကုမ္ပဏီ လီမိတက် တို့က မုတ္တမ ကမ်းလွန် လုပ်ကွက် M-7 တွင် ပူးပေါင်း လုပ်ကိုင်ကြမည် ဖြစ်သည်။

သဘောတူညီချက်တွင် Signature bonus အတွက် အမေရိကန် ဒေါ်လာ ၅.၂ မီလီယံ နှင့် data fee အတွက် အမေရိကန် ဒေါ်လာ ၃.၅ မီလီယံ ထောက်ပံ့မည် ဖြစ်သည်။ မုတ္တမကွေ့တွင် နှစ်နှစ်တာ စူးစမ်းရှာဖွေမှု အတွက် အမေရိကန် ဒေါ်လာ ၁၁၀.၇၅ မီလီယံ သုံးစွဲရန်ရှိပြီး နောက်ခြောက်နှစ်စာ ရေနံ စမ်းသပ်ရှာဖွေမှု အတွက် နောက်ထပ် အမေရိကန် ဒေါ်လာ ၁၁၀.၇၅ မီလီယံ ထပ်တိုး သုံးစွဲရန် ရှိသည်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်းနှင့် လူမှုဘဝ သက်ရောက်မှုအပေါ် အကဲဖြတ်ခြင်း များအား ရှာဖွေရေး မစတင်မီ တင်ပြရမည် ဖြစ်သည်။

စာရင်း ဇယားများအရ ယခုနှစ်၏ ပထမ နှစ်ဝက်တွင် ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ အီတလီ နှင့် အိန္ဒိယ နိုင်ငံများမှ ကုမ္ပဏီ ခုနှစ်ခုသည် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်း နှင့် မုတ္တမ လုပ်ကွက်များတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရေး အတွက် ထုတ်လုပ်မှု မျှဝေရေး စာချုပ်များ အသီးသီး ချုပ်ဆိုထားပြီး ဖြစ် သည်။

မြန်မာနိုင်ငံသည် အထူးသဖြင့် ကမ်းလွန် ဧရိယာတွင် သဘာဝ ဓာတ်ငွေ့ရင်းမြစ်များ ပေါကြွယ်ဝလျက် ရှိသည်။၂၀၁၅ ခုနှစ် အထိ မေလကုန် စာရင်းအရ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၉.၆၄၁ ဘီလီယံရှိပြီး စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်းအားဖြင့် ၃၄.၇၄ ရာခိုင်နှုန်း နှင့် ကဏ္ဍအလိုက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း၏ ပထမ နေရာတွင် ရပ်တည် နေပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.