Connect with us

Local

လေဆိပ် ကုန်လှောင်ရုံသစ် တိုးချဲ့ ဆောက်လုပ်သွားမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ပြောင်းရွှေ့မည် ဟုဆို

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်လှောင်ရုံ (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ပြည်ပမှ ကုန်စည် ဝင်ထွက်မှု များပြားလာသည့် အတွက် လေဆိပ် ကုန်လှောင်ရုံသစ် တိုးချဲ့ ဆောက်လုပ် သွားမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ပြီးစီး ပြောင်းရွှေ့ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက “ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဟိုတုန်းက တစ်နေ့ကို လေယာဉ် သုံးလေးစင်းလောက်ပဲ ဆင်းတာ ရှိခဲ့ရာက အခုဆိုရင် လေယာဉ် အဆင်း ၃၀၊ ၄၀ လောက်အထိ ဆင်းသက်မှုရှိတယ်။

ကုန်လှောင်ရုံတွေ ကလည်း မဆန့်တော့ဘူး။ ဒါကြောင့် နေရာပြောင်းဖို့ လုပ်နေရပါတယ်’’ ဟု ပြောသည်။

၎င်းကုန်လှောင်ရုံ အား နိုင်ငံတကာ နည်းတူ အအေးခန်းနှင့် စနစ်တကျ တိုးချဲ့မည် ဖြစ်ပြီး၊ ကျန်သည့် ပစ္စည်း ထားသိုမည့် နေရာများ ကိုလည်း ပုဂ္ဂလိကကို လွှဲပြောင်းပြီး လုပ်ဆောင်သွားဖို့ ရှိကြောင်း၊ လာမည့် မတ်လ ကုန်လောက်တွင် ကုန်လှောင်ရုံသစ် တိုးချဲ့တာ ပြီးစီးမည် ဖြစ်ကြောင်း ဆိုသည်။

အသစ် ထပ်မံ တည်ဆောက်မည့် ကုန်လှောင်ရုံသစ်နှင့် ပတ်သက် ၍ ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ် ပူးတွဲ ဦးမင်းလွင်က “ အခုရှိနေတဲ့ ကုန်လှောင်ရုံနဲ့ ပတ်သက်လို့ Customs Warehouse တစ်လုံး ရှိပါတယ်။ နောက်ပုဂ္ဂလိက မှ လုပ်နေသည့် ကုန်လှောင်ရုံ တစ်ခုလည်း ရှိပါတယ်။ အရင်ကတော့ အဲ့ဒီ့ ကုန်လှောင်ရုံတွေနဲ့ လုံလောက်ပေမယ့် အခုကတော့ တိုးတက်လာတဲ့ အနေအထားကြောင့် ကျွန်တော်တို့ ဒီစီမံကိန်းကို ညှိနှိုင်း ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်း ရဲ့ အနောက်ဘက်ခြမ်း စော်ဘွားကြီးကုန်း ဘက်ကို ရွေ့ဖို့ လုပ်ထားပါတယ်’’ ဟု ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.