Connect with us

Local

CB ဘဏ် မှ မြန်မာနိုင်ငံ တွင် ပထမဆုံး ခရက်ဒစ်ကဒ် စတင် ထုတ်ဝေမည် ဟုဆို

CB ဘဏ် အမှုဆောင် ဒုတိယဥက္ကဌ ဦးကျော်လင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ်၂၈ ရက် (ဆင်ဟွာ)

CB ဘဏ် မှ မြန်မာနိုင်ငံ တွင် ပထမဆုံး ခရက်ဒစ်ကဒ် ( Credit Card) စတင် ထုတ်ဝေမည် ဖြစ်ကြောင်း CB ဘဏ် မှ အမှုဆောင် ဒုတိယဥက္ကဌ ဦးကျော်လင်း က ယနေ့ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။

အဆိုပါ ခရက်ဒစ်ကဒ် များကို Classic Card , Gold Card , Platinum Card စသဖြင့် အမျိုးအစား (၃) မျိုးဖြင့် ထုတ်ဝေ မည် ဖြစ်ကြောင်း သိရသည်။

ခရက်ဒစ်ကဒ် ကို အသုံးပြုလို သူများ အနေဖြင့် အသက် (၂၁) နှစ် ပြည့်ပြီးသူ တိုင်း CB ဘဏ် (ရုံးချုပ်) နှင့် CB ဘဏ် ၏ ဘဏ်ခွဲ များ အားလုံး တွင် လျှောက်ထား နိုင်ကြောင်း သိရသည်။

ဦးကျော်လင်းက “ ကျွန်တော်တို့ ခရက်ဒစ်ကဒ် ကို MPU အမှတ်တံဆိပ် ပါရှိသော နေရာတိုင်း မှာ အသုံးပြု နိုင်ပါတယ်။ အဆင့်မြင့် ကုန်တိုက်များ ၊ဈေးဆိုင်များ ၊အဝတ်အထည် စတိုးဆိုင်များ ၊ ဆေး ပစ္စည်းဆိုင်များ ၊ ဓာတ်ဆီဆိုင်များ ၊ စားသောက်ဆိုင် များ နှင့် Hotel များ တွင် သာမက ပြည်တွင်း e-Commerce Website တွေမှာပါ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်’’ ဟုပြောသည်။

အဆိုပါ ခရက်ဒစ်ကဒ် အား နေရာပေါင်း ၅၀၀၀ တွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ခရက်ဒစ်ကတ် ကို လျှောက်ထားသည့် အခါ စစ်ဆေးရန် အချိန် ၂ ပတ် မှ သုံး ပတ် ကြာမြင့် နိုင်ကြောင်း သိရသည်။

အကြွေးဝယ်ကဒ် လျှောက်ထားသူ အတွက် အနိမ့်ဆုံး လစာဝင်ငွေ ပေါ်တွင်မူတည် ၍ စီးပွားရေး ခိုင်မာမှု၊ ထောက်ခံပေးမည့် ပုဂ္ဂိုလ် ၂ ဦး အပေါ် မူတည်၍ ဝင်ငွေလစာ ၏ ၁ ဆ (သို့မဟုတ်)၊ ၂ ဆ အထိ Credit limit အမြင့်ဆုံး ရရှိမည် ဖြစ်သည်။ Classic Card လျှောက်ထားသူ သည် ကျပ်သိန်း ၅၀ အထိ ရရှိမည် ဖြစ်သည်။

ဦးကျော်လင်းက “ CB MPU Credit Card က သုံးစွဲတဲ့ ပမာဏ အတိုင်း အတိုး ကင်းလွတ်ခွင့် ကာလ ကို အနည်းဆုံး ၁၅ ရက် မှ အများဆုံး ၄၅ ရက် အထိ ရရှိမှာပါ။ အတိုးကင်းလွတ်ခွင့် ကာလ ကျော်လွန်ရင် တော့ အတိုး ၁၃ ရာခိုင်နှုန်း ပေးရမှာ ဖြစ်တယ်’’ ဟု ပြောသည်။
အဆိုပါ ခရက်ဒစ်ကဒ် ၏ သက်တမ်း မှာ ၅ နှစ် အထိ သုံးစွဲနိုင်မည် ဖြစ်ပြီး နိုင်ငံတကာ တွင် အသုံးပြု လျှက် ရှိသော ခရက်ဒစ်ကဒ် များ ကဲ့သို့ပင် ကြိုတင် ငွေထုတ်ယူ သုံးစွဲပြီး နောက်မှ ပြန်လည် ပေးသွင်းနိုင် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.