Connect with us

Europe

လန်ဒန်တိုက်ခိုက်မှု နှင့် ဆက်နွယ်နေသူ တစ်ဦး၏ နေအိမ်ကို စီးနင်းရာ လူ ၁၂ဦးဖမ်းဆီးရမိ

လန်ဒန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

လန်ဒန်မြို့အရှေ့ပိုင်း ဘာ့ကင်းမြို့တွင် ဇွန်လ ၃ ရက် တိုက်ခိုက်မှု နှင့် ဆက်နွယ်နေသည့် လူ ၁၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း Scotland Yard ရဲတပ်ဖွဲ့ကဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က ဘာ့ကင်းမြို့ရှိ နေရပ်လိပ်စာအများအပြားတွင်လည်း ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ဘာ့ကင်းမြို့ ကင်းလမ်း ရှိ အဲလိစဘက်ဖလိုင်း တိုက်ခန်းအိမ်ရာတွင် နေထိုင်သူများက ဇွန်လ ၄ ရက် အစောပိုင်းတွင် အိမ်ရာအား ရဲအရာရှိများ ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခန်းအိမ်ရာ တွင် လန်ဒန်တိုက်ခိုက်သူများ အနက် တစ်ဦးဖြစ်သူ ၏ နေအိမ်တစ်လုံးတည်ရှိကြောင်း သိရသည်။

ယင်း အိမ်ရာတွင် နေထိုင်သူတစ်ဦးဖြစ်သည့် Veronica Oladapo က “ကျွန်တော်အပြင်ထွက်လာတဲ့အခါ ရဲတပ်ဖွဲ့က အချို့လူတွေကို ထိန်းသိမ်းခေါ်ဆောင်သွားပါတယ်။ သူတို့ထဲက ၃ယောက်ကို တော့ အရေးပေါ်လူနာတင်ကားနဲ့ တင်ဆောင်သွားပြီး အခြားလူ၂ယောက်က အထဲမှာ ထိုင်နေတာကို တွေ့ရပါတယ်”ဟုပြောကြားခဲ့သည်။ (Xinhua)