Connect with us

Europe

အီတလီတွင် လူအုပ်ပိမှုကြောင့် ဘောလုံးပွဲပရိသတ် ၁,၅၀၀ကျော် ဒဏ်ရာရရှိ

လူအုပ်ပိမှုဖြစ်ပွားခဲ့သည့် တူရင်းမြို့ရှိ ဆန်ကားလ်လို့ ရင်ပြင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရောမ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ ရဲတပ်ဖွဲ့ က အီတလီမြောက်ပိုင်း တူရင်းမြို့ တွင် ဇွန် ၃ ရက် ည က လူအုပ်ပိမှုကြီး တစ်ခုဖြစ်ပွားခဲ့ရာ လူ ၁,၅၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။

ပြည်တွင်း သတင်းဋ္ဌာနများ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ် နှင့် ရီးရဲလ် မက်ထရစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အား မြို့အာဏာပိုင်များက တူရင်းမြို့ရှိ ဆန်ကားလ်လို့ ရင်ပြင်တွင် ပရိုဂျက်တာအကြီးစားများဖြင့် ပြသပေးခဲ့ရာ ဂျူဗင်တပ်စ်ဘောလုံးအသင်း ပရိသတ်များစွာ လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

လူအုပ်ပြိုမှု စတင်ဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးဘဲ အချို့က မီးရှူးမီးပန်းတစ်ခု ပစ်ဖောက်ခြင်းကြောင့် လည်းကောင်း၊ အချို့က ရဲတပ်ဖွဲ့၏ အတားအဆီးတစ်ခု ပြိုကျခဲ့ခြင်းကြောင့် လည်းကောင်း အမျိုးမျိုး ပြောဆိုနေကြပြီး တာဝန်ရှိသူများက လူအုပ်ပြိုမှုသည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုကို ကြောက်လန့်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်။တူရင်းမြို့ လူအုပ်ပိမှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသူများတွင် အသက် ၇နှစ်အရွယ် ယောကျ်ားလေးတစ်ဦး နှင့် အမျိုးသမီးငယ် ၂ဦး တို့ပါဝင်ကြောင်း ပြည်တွင်းသတင်းဋ္ဌာနများ၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိချန်ပီယံလိဂ်ဖလား ပိုင်ရှင် ရီးရဲလ်မက်ထရစ် အသင်း (စပိန်) က ဇွန်လ ၄ရက် ညတွင် ကျင်းပခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် ၌ ဂျူဗင်တပ်စ် (အီတလီ) အသင်းကို ၄ဂိုး၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၁၂ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဗိုလ်စွဲသည့်အသင်း ဖြစ်လာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.