Connect with us

China

အတွင်းမွန်ဂိုးလီးယားတွင် ကျောက်မီးသွေးတွင်းပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း အစွမ်းကုန်ဆောင်ရွက်ရန် သမ္မတ ရှီ ညွှန်ကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Alxa League ခရိုင်တွင် ကျောက်မီးသွေးတွင်းပြိုကျပြီးနောက် ပျောက်ဆုံးသူများကို ရှာဖွေ ကယ်ဆယ်ရေးနှင့် ဒဏ်ရာရသူများကို ကုသရေးအတွက် ကြိုးပမ်းအားထုတ်မှုများအစွမ်းကုန် ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၂၂ ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက မတော်တဆဖြစ်ရပ် ဖြစ်ပွားပြီးနောက် အထက်ပါအတိုင်း ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းရေး စိတ်ချသေချာမှုရှိစေရေး၊ အလုံးစုံလူမှုရေးဆိုင်ရာတည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း တိုက်တွန်းခဲ့သည်။

အဆိုပါ ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရကာ ၅၃ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ (Xinhua)
………………………………….
(English Version)
Xi orders all-out rescue efforts after Inner Mongolia coal mine collapse
Chinese President Xi Jinping on Wednesday demanded all-out efforts in the search and rescue of the missing and treatment of the injured after a coal mine collapsed in Alxa League, north China’s Inner Mongolia Autonomous Region.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the instruction following the accident, urging efforts to ensure the safety of people’s lives and property, and to maintain overall social stability.
The collapse has so far left two people dead, six injured and 53 missing.