Connect with us

Media

တရုတ်-ဗီယက်နမ် မြန်နှုန်းမြင့်ရထားလမ်း ယခုနှစ်မကုန်မီ ပြီးစီးဖွယ်ရှိ

ကွမ်ရှီး၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နယ်စပ်ကို ချိတ်ဆက်ထားပြီး အရေးပါသည့်ရထားလမ်းဖြစ်သော ဖောင်ချိန်ကန်-တုန်းရှင်း ရထားလမ်းတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ရထားလမ်း တည်ဆောက်သူများက ပြောသည်။
ယခုနှစ်မကုန်မီ အလုံးစုံပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းတို့က ဆိုသည်။

Zhang Yongxin
ကွမ်ရှီးဒေသရှိ ဖောင်ချိန်ကန်-တုန်းရှင်း ရထားလမ်းစီမံကိန်း နည်းပညာရှင်
“အခုဆိုရင် တည်ဆောက်ရေးကာလက ကျပ်နေပြီး တာဝန်တွေက ကြီးလေးလာတယ်။ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်စေဖို့ နွေဦးပွဲတော်အချိန်တောင်မှ ကျွန်တော် အိမ်မပြန်ခဲ့ကြပါဘူး။ အလုပ်သမား အယောက် ၄၀ နဲ့အတူ ကိုယ့်တာဝန်ကိုယ် စွဲစွဲမြဲမြဲလုပ်ကြတယ်”

Li Hongchuan
စီမံကိန်းမန်နေဂျာ
“စီမံကိန်းအစီအစဉ်လျာထားမှုအရ ရထားလမ်းအပြီးအစီးခင်းကျင်းတာက ဒီနှစ် ဇူလိုင်လကုန်ပိုင်းလောက် ပြီးမှာဖြစ်ပြီးတော့ နှစ်ကုန်ပိုင်းလောက်မှာ ရထားလမ်းဖွင့်လှစ်နိုင်မယ့်အခြေအနေ ရောက်ရှိတော့မှာဖြစ်ပါတယ်”

ဖောင်ချိန်ကန်-တုန်းရှင်း ရထားလမ်းသည် အရှည်အားဖြင့် ၄၆.၉ ကီလိုမီတာရှိကာ တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၂၀၀ ဖြင့်ပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ (Xinhua)

……………………………………..
(English Version)
China-Vietnam high-speed railway to be completed before end of year
Builders of Fangchenggang-Dongxing railway, an important railway linking China and Vietnam border, said about 90 percent of the construction of the railway has been completed.
They expected it to be fully completed before the end of the year.
SOUNDBITE 1 (Chinese): ZHANG YONGXIN, Technician of Fangchenggang-Dongxing railway project in Guangxi

“Now, the construction period is tight and the task is heavy. In order to ensure a smooth opening, we didn’t go home during the Spring Festival. Together with 40 workers, we stick to our post.”
SOUNDBITE 2 (Chinese): LI HONGCHUAN, Project manager

“According to the project schedule, the full track laying will be completed by the end of July this year and it will reach the opening condition at the end of the year.”
The Fangchenggang-Dongxing railway is 46.9 kilometers long with a designed speed of 200 kilometers per hour.
Xinhua News Agency correspondents reporting from Nanning, China.
(XHTV)