Europe
ဂျာမနီ နိုင်ငံ Bavaria ပြည်နယ် တွင် ကြီးမားသည့် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်ထိ ၁၇ ဦး သေဆုံး
ဘာလင် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဂျာမဏီ နိုင်ငံ ရဲတပ်ဖွဲ့ က ခရီးသည် ၄၆ ဦး နှင့် ယာဉ်မောင်း ၂ ဦး လိုက်ပါခဲ့သည့် ခရီးသွား ဧည့်သည် လိုပ်ပါလာသည့် ကားတစ်စင်းသည် ဒေသစံတော်ချိန် ညနေပိုင်း တွင် ဂျာမနီ နိုင်ငံ Bavaria ပြည်နယ် ၌ ကုန်တင်ကား တစ်စင်းနှင့် တိုက်မိခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား ရာ လက်ရှိချိန်ထိ ၁၇ ဦးသေဆုံး ခဲ့ကြောင်း ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Juergen Stadter က သေဆုံး ဒဏ်ရာရရှိသူ စာရင်းများကို ယနေ့ တွင် ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် A 9 အဝေးပြေးလမ်းမကြီး ၏ အစိတ်အပိုင်း အချို့ ကို ပိတ်ဆို့ လိုက်ကြောင်း နှင့် ယာဉ်တိုက်မှု ကြောင့် လူအများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)