Connect with us

Europe

ပြင်သစ်နိုင်ငံ ဗလီတစ်ခုအနီးတွင် ပစ်ခတ်မှုဖြစ်ပွား ၊ ၈ ဦးဒဏ်ရာရ

ပြင်သစ်နိုင်ငံ ဗလီတစ်ခုအနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပါရီ ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Avignon မြို့ရှိ ဗလီတစ်ခု အရှေ့တွင် ဇူလိုင်လ ၂ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၈ ဦးထိခိုက်ဒဏ်ရာခဲ့ကြောင်း သတင်းများက ဆိုသည်။

၎င်းဖြစ်စဉ်သည် အကြမ်းဖက်မှုတစ်ခုမဟုတ်ကြောင်း ဒေသတွင်း အစိုးရ ရှေ့နေရုံးက ပြောကြားခဲ့သည်။“ ဗလီက ပစ်မှတ်မဟုတ်ပါဘူး။ပစ်ခတ်မှုဟာ ဗလီရှိတဲ့ လမ်းပေါ်မှာ ဆိုပေမယ့် ဘာသာရေးနဲ့ဆက်နွယ်မှု မရှိပါဘူး” ဟု ၎င်း၏ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားသည်။

လူငယ်နှစ်ဦးကြား အငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေသည်ဟု The La Provence သတင်းစာက ဆိုသည်။ ၎င်းဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ဒဏ်ရာရသူများထဲတွင် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း ၊အခြား လူ ၄ ဦးမှာ အခင်းဖြစ်နေရာမှ မီတာ ၅ဝ အကွာ ဗလီအနီးရှိ တိုက်ခန်းတွင် နေထိုင်ကြသူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မျက်မြင်သက်သေများအဆိုအရ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ည ၁ဝ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း ၊ သေနတ်သမားနှစ်ဦးအနက် တစ်ဦးမှာ မျက်နှာဖုံးဝတ်ဆင်ထားပြီး ဗလီမှ ထွက်လာသည့် ဝတ်ပြုသူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနောက် သေနတ်သမားနှစ်ဦးမှာ ထွက်ပြေးသွားကြောင်း ၊ ၎င်းတို့စီးနင်းလာသော ကားပေါ်တွင် လူ ၄ ဦးလိုက်ပါလာကြောင်း မျက်မြင်များက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မွတ်စလင် အရာရှိများက မွတ်စလင်ဘာသာဝင်များ ဝတ်ပြုသည့်နေရာကို လုံခြုံရေးတိုးမြှင့်ပေးရန် တောင်းဆိုထားသည်။ဥရောပတွင် ယင်းကဲ့သို့သော တိုက်ခိုက်မှုများသည် နေရာအနှံ့ဖြစ်ပွားနေပြီး၊ ပြီးခဲ့သော ဇွန်လ ၁၉ ရက်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဗလီတစ်ခု အပြင်ဘက်တွင် ဘန်ကားတစ်စီးဖြင့် ဝင်ရောက်တိုက်ခဲ့ရာ လူ တစ်ဦး သေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.